တရုတ်ကွန်မြူနစ်ပါတီ (၁၈)ကြိမ်မြောက် ပြည်လုံး ဆိုင်ရာညီလာခံကြီးကိုကြိုဆိုခြင်း

(GMT+08:00)2017-12-15 16:31:08  CRI

မေအားမာန်- သောတရှင်အပေါင်း ကျန်းမာချမ်းသာပြီး စိတ်နှလုံးရွှင်လန်းပျော်ရွှင်ကြပါစေ

လို့ နှုတ်ခွန်းဆက်သလိုက်ပါတယ်ရှင်။

ဦးခင်မောင်ဝင်း- မင်္ဂလာညချမ်းလေးပါခင်ဗျာ၊ ကျွန်တော်ခင်မောင်ဝင်းပါ။

မေ- ဟုတ်ကဲ့၊ ဦးခင်မောင်ဝင်းရေ တရုတ်ကွန်မြူနစ်ပါတီ (၁၈)ကြိမ်မြောက် ပြည်လုံး ဆိုင်ရာညီလာခံကြီးလည်း ကျင်းပဖို့အတော့်ကို နီးလာပြီလို့ ထင်တယ်ရှင်၊ ဘယ်နေ့ စမှာလဲ ပြောပါဦးနော်။

ဦး-ဟုတ်ကဲ့၊ ပြောပါ့မယ်ဗျာ။ ပြည်လုံးဆိုင်ရာညီလာခံကြီးကတော့ နိုဝင်ဘာလ ၈ ရက်နေ့ စပါမယ်။ တရုတ်ကွန်မြူနစ်ဗဟိုကော်မတီနိုင်ငံရေးအဖွဲ့ရဲ့ အစည်းအဝေးကိုတော့ စက်တင် ဘာလ ၂၈ ရက်နေ့က ကျင်းပခဲ့တယ်လေ။

အဲဒိ အစည်းအဝေးကိုကျင်းပပြီးတော့ ၁၈ ကြိမ်မြောက်ပြည်သူ့ကွန်ကရက်ကြီးကို ကျင်းပ မယ်လို့ သတ်မှတ်ခဲ့တာပါပဲ။

မေ-ဟုတ်ကဲ့ပါ၊ အခုတစ်ကြိမ် ပြည်လုံးဆိုင်ရာညီလာခံကြီးကို တက်ရောက်မယ့်သူတွေက ကော ဘယ်လောက်လောက် ရှိမလဲ မသိဘူးနော်။

ဦး- ဟုတ်ကဲ့၊ တက်ရောက်လာမယ့်သူတွေကတော့ ၂၂၇၀ ရှိတယ်လို့၊ သိထားပါတယ်။

မေ- ဒီတစ်ကြိမ် ကွန်ကရက်ကြီးက အရမ်းအရမ်းကို အရေးကြီးတယ်လို့လည်း သိထား တယ်လေ၊ ဘာလို့ဆိုတာ ပြောပြပါဦးရှင်။

ဦး- ဟုတ်တာပေါ့ဗျာ။ ဘာလို့အရေးကြီးတာလဲ ဆိုတော့ တရုတ်ကွန်မြူနစ်ပါတီဗဟို ခေါင်းဆောင်များကို ရွေးချယ်မှာဖြစ်လို့ပါ။

မေ- ဟုတ်ကဲ့၊ အဲဒိရွေးချယ်မယ့် ခေါင်းဆောင်တွေက ဗဟိုကော်မတီဝင်တွေ၊ စည်းကမ်း ကြီးကြပ်ရေးကော်မတီဝင်တွေ၊ ဗဟိုကော်မတီအထွေထွေ အတွင်းရေးမှုး၊ ဗဟိုကော်မတီ ဦးဆောင်အဖွဲ့၊ ဗဟိုအတွင်းရေးမှုးရုံး၊ ဗဟိုစစ်ရေးကော်မတီဝင်များ၊ ဗဟိုခေါင်းဆောင်များ ကိုရွေးချယ် တင်မြှောက်မှာဆို၊ အားမာန်ပြောတဲ့ ထဲမှာ ကျန်တာလေးတွေ ရှိရင်လည်း ဦးခင်မောင်ဝင်းက ဖြည့်ပြီး ပြောပေးဦးလေ။

ဦး- ဟုတ်ကဲ့၊ ပြည့်စုံသလောက်တော့ ရှိပါပြီ၊ အခုအကြိမ်ရဲ့ထူးခြားချက်တစ်ခုကို ကျွန်တော် ပြောပြချင်ပါတယ်၊ အဲဒါက ဘာလဲဆိုတော့ ကိုယ်စားလှယ်ရဲ့အလုပ်ရာထူးတွေက ဟိုးအရင် တုန်းကထက်စာရင်ကွာတယ်ဗျ၊ ဒီနှစ်ဆို ပညာရှင်တွေ ၅ %တောင်တိုးလာတယ်လေ။

မေ-ဟုတ်ကဲ့၊ အားမာန်သိထားတာလေးလည်း ပြောဦးမယ်နော်။ နယ်ပယ်အသီးသီးက လာတာမို့ အလုပ်သမားတွေလည်းရှိတယ်။ ပညာရှင်တွေလည်းရှိတယ်ဆို ဦးခင်မောင်ဝင်း

ပြီးတော့ အလုပ်သမားပါတီဝင်တွေလည်းတိုးလာတယ်လို့ သိထားတယ်ရှင့်၊ အဲဒါလေး ပြောပြပေးပါဦး။

ဦး-ဟုတ်ပါတယ်၊ ဒါပေမဲ့ ဌာနအသီးသီးနဲ့ ခေါင်းဆောင်အသီးသီးတို့ရဲ့ ဦးရေကတော့ လျော့သွားတယ်ဗျ၊ လယ်သမားဦးရေ ပြောင်းလဲမှုရှိမရှိဆိုတာကိုတော့ သေချာမသိဘူးဗျ။

မေ-ဟုတ်တာပေါ့ရှင်၊ ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ အားမာန်တို့က ကျင်းပတော့မယ် တရုတ် ကွန်မြူနစ်ပါတီ(၁၈)ကြိမ်မြောက်ပြည်လုံးဆိုင်ရာညီလာခံကြီးကို လှိုက်လှိုက်လှဲလှဲကြိုဆိုပါ တယ်ဆိုတဲ့အကြောင်းပြောကြားရင်း ဒီတစ်ပတ်အစီအစဉ်လေးကို ဒီမျှနဲ့ပဲ ရပ်နားခွင့်ပြုပါ ရှင်၊ နားဆင်အားပေးမှုအတွက် သောတရှင်များအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ သောတရှင်များအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာ ပျော်ရွှင်နိုင်ကြပါစေလို့ ဆု တောင်းရင် နှုတ်ဆက်လိုက်ပါတယ်နော်။