ရန်ကုန်FMI စ​တော့ရှယ်​ယာ​ဈေး ၃၀၀၀၀ကျပ်​တွင်​ ငြိမ်​သက်

(GMT+08:00)2017-12-15 16:38:52  CRI

ရန်ကုန် ဧပြီ ၂၉

ရန်ကုန်FMI စ​တော့ရှယ်​ယာ​ဈေး ၃၀၀၀၀ကျပ်​တွင်​ ငြိမ်​သက်

ရန်ကုန်FMI စ​တော့ရှယ်​ယာ​ဈေး ၃၀၀၀၀ကျပ်​တွင်​ ငြိမ်​သက်

ရန်ကုန်တော့အိတ်ချိန်းတွင်ရောင်းအ၀ယ် ပြုလုပ်​​နေသည်FMI စတော့ရှယ်ယာဈေးနှုန်းသည်၂၈ရက်​​​​နေပေါက်​​ဈေးဖြစ်သည်၃၀၀၀၀ကျပ် အတိုင်းဈေးငြိမ်ကာ  ၂၉ရက်​​တွင် အဆိုပါဈေးဖြင့် အရောင်းအ၀ယ်ဖြစ်ခဲ့ ကြောင်းသိရသည်

“ဒီနေ့ဈေးက ၃၀၀၀၀နဲ့ငြိမ်နေပါတယ်။ညနေဘက်တော့ တစ်ချက်စောင့်ကြည့်ရဦးမယ်။ ဒါပေမယ့်ဒီအချိန်ထိ ဘာမှ မလှုပ်သေးရင် ဈေးက ၃၀၀၀၀ နဲ့ ငြိမ်သွားပြီလို ပြောလို့ရပါတယ်”ဟု ရှယ်ယာဈေးနူန်းလာကြည့်သူတစ်ဦးကဆိုသည်။

          FMI စတော့ရှယ်ယာဈေးနှုန်းသည် ၂၈ရက်​​နေ့မနက်ပိုင်းတွင် ၃၀၅၀၀ကျပ်ဖြင့် အရောင်းအ၀ယ်ဖြစ်ခဲ့ပြီး ညနေပိတ်ချိန်တွင် ၃၀၀၀၀ကျပ်အထိထပ်မံကျဆင်းသွားခြင်းဖြစ်ပြီး ဧပြီလအတွင်း ၃၃၀၀၀ကျပ်မှနေ၍ ၃၀၀၀၀ ဈေးအထိ  ၃ရက်အတွင်း ဆက်တိုက်ကျဆင်းခဲ့ခြင်းဖြစ်သည်

ရန်ကုန်တော့အိတ်ချိန်းတွင် လုပ်ကိုင်ခွင့်ပြု ထားသည့် ကုမ္ပဏီများအနက် FMI ကုမ္ပဏီ သည် ပထမဆုံးစတင်​​ရောင်းချသည့်ကုမ္ပဏီ ဖြစ်ပြီး မြန်မာသီလ၀ါ အထူးစီးပွားရေးဇုန် ရှယ်ယာများကိုလည်း မေလဆန်းတွင် ​​ရောင်းချတော့မည်ဟု သိရသည်

အောင်သော်ဖြိုး