徐敏霞

ရှီကျင့်ဖိန်၏ ဥရောပ ခရီးစဉ် (၆) ပီကင်းနဲ့ ပါရီ နောက်ထပ်တစ်ကြိမ် လက်ဆွဲကြစို့

(GMT+08:00)2019-03-26 09:46:14  

圖片默認標題_fororder___172.100.100.3_temp_9500032_1_9500032_1_1_f53bef70-0332-4610-841c-a180d4bfde92

圖片默認標題_fororder___172.100.100.3_temp_9500032_1_9500032_1_1_3ea2bfab-aa58-413a-964c-8ca5a90d2737

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်ဟာ ပြင်သစ်နိုင်ငံမှာ တရားဝင် ခရီး လှည့်လှည် နေပါတယ်။ ပြင်သစ် သမ္မတ မာကရွန်ဟာ ၂၅ ရက်နေ့ ညနေပိုင်းက Arc de Triomphe ရင်ပြင်ကြီးမှာ ကြိုဆိုပွဲ အခမ်းအနားကို ခမ်းနားသိုက်မြိုက်စွာ ပြုလုပ်ခဲ့ပါတယ်။

၂၄ ရက်နေ့ညက ရှီကျင့်ဖိန်နဲ့ ဇနီးတို့ဟာ ပြင်သစ် သမ္မတနဲ့ ဇနီးတို့ အထူး စီစဉ် ပေးတဲ့ ညစာစားပွဲသို့ တက်ရောက်ပါတယ်။ သူတို့ဟာ သုံးနာရီကြာ ခင်မင်ရင်းနှီးစွာ အမြင်ချင်း ဖလှယ်ခဲ့ကြပါတယ်။

ပြင်သစ်နိုင်ငံသို့ ရောက်ရှိပြီးနောက် တိုတောင်းတဲ့ ၂၄ နာရီအတွင်း ရှီကျင့်ဖိန်နဲ့ မာကရွန်တို့ဟာ နှစ်ကြိမ် တွေ့ဆုံဆွေးနွေးပြီး တွေ့ဆုံဆွေးနွေးတဲ့အချိန်ဟာ ၈ နာရီကြာ ရှိပါတယ်။ ဒါနဲ့ သူတို့က ဘာတွေများ ဆွေးနွေးခဲ့ကြသလဲ။ နှစ်နိုင်ငံ ထိပ်သီး ခေါင်းဆောင်တို့က၊ သမိုင်း အစပျိုးနေရာသစ်မှာ ပိုမို ခိုင်ခံ့ပြီး ရှင်သန်မှု ပိုရှိတဲ့ ဘက်စုံ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံမှု တည်ထောင်ဖို့ တညီတညွတ်တည်း သဘော တူကြပါတယ်။

၂၅ ရက်နေ့က နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များ ရှေ့မှောက်မှာ နှစ်ဖက်တို့ဟာ စာတမ်း ၁၄ ရပ်ကို ချုပ်ဆိုခဲ့ကြပါတယ်။ ဒါ့အပြင် နှစ်ဖက်တို့ဟာ ယူရိုငွေ ၁၀ သန်းကျော် တန်ဖိုး ရှိတဲ့ ကူးသန်းရောင်းဝယ်ရေး စာချုပ်များကိုလည်း ချုပ်ဆိုခဲ့ကြပြီး၊ Belt and Road လက်တွဲ တည်ထောင်မှု၊ တတိယဘက် ဈေးကွက်များနဲ့ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးဖို့လည်း ဆုံးဖြတ်ခဲ့ကြပါတယ်။

တွေ့ဆုံဆွေးနွေးပွဲမှာ၊ ရှီကျင့်ဖိန်က၊ မကြာခင်က တရုတ်နိုင်ငံဟာ နိုင်ငံခြား ကုန်သည်များ ရင်းနှီးမြှုပ်နှံရေး ဥပဒေကို ထုတ်ပြန်ပြီး ဈေးကွက်ဝင်ခွင့် ပိုမို ချောင်လည်အောင် ဆောင်ရွက်ပေးမှာ ဖြစ်ကာ တံခါးဖွင့်ရေး လုပ်ငန်းကို တစ်ဆင့်တိုး တိုးချဲ့သွားမှာ ဖြစ်ကြောင်း ပြောကြားပါတယ်။ မာကရွန်ကလည်း၊ ပြင်သစ်နိုင်ငံဟာ ဒုတိယ အကြိမ် Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ်နဲ့ ဒုတိယ အကြိမ် တရုတ် နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲကို တက်ကြွစွာ ပါဝင် လိုကြောင်း ပြောကြားခဲ့ပါတယ်။ (ကျော့)