辛甜

ရှီကျင့်ဖိန်သည် နယူးဇီလန်ဝန်ကြီးချုပ်နှင့်တွေ့ဆုံ

(GMT+08:00)2019-04-02 10:58:11  

圖片默認標題_fororder_CqgNOlyiCSOAYNuvAAAAAAAAAAA791_627

တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည် ယခုလ ၁ ရက်နေ့က ပေကျင်း ပြည်သူ့ခန်းမ ဆောင်ကြီး၌ နယူးဇီလန်ဝန်ကြီးချုပ် အာဒိန် နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့သည်။ ယင်းသည် အာဒိန် က ဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့သည့်နောက်ပိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံသို့ ခရီးလှည့်လည်ခြင်းဖြစ်သည်။ ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က တရုတ်နိုင်ငံအနေနှင့် နယူးဇီလန်နိုင်ငံနှင့်အတူ ကြိုးပမ်းအားထုတ်ပြီး တရုတ်-နယူးဇီလန် ဆက်ဆံရေးကို တွန်းအားပေးလိုကြောင်း ပြောကြားသည်။

နယူးဇီလန်နိုင်ငံသည် အနောက်တိုင်းနိုင်ငံထဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် သံအဆက်အသွယ်ကို အစောဆုံးထားရှိပြီး တရုတ်နိုင်ငံနှင့် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူစာချုပ်ကို အစောဆုံး ချုပ်ဆိုသော နိုင်ငံတစ်နိုင်ငံလည်းဖြစ်ကြောင်း၊ တရုတ်-နယူးဇီလန် သံအဆက်အသွယ်ထားရှိခဲ့သည့် ၄၇ နှစ်အတွင်း နှစ်နိုင်ငံဆက်ဆံရေးသည် တရုတ်နှင့် အနောက်တိုင်း ဖွံ့ဖြိုးပြီးနိုင်ငံဆက်ဆံရေး၏ ရှေ့တန်းကျနေရာတွင် အမြဲတည်ရှိပြီး “ပထမ” များစွာကို ဖန်တီးခဲ့ကြောင်းသိရသည်။