徐敏霞

ရှီကျင့်ဖိန်သည် ပီကင်းမြို့ လုပ်အားပေး သစ်ပင်စိုက်ပျိုးရေး လှုပ်ရှားမှုတွင် ပါဝင်၊ နယ်မြေ စိမ်းလန်းစိုပြေရေးကို တွန်းအားပေးရမည်ဟု မှာကြား

(GMT+08:00)2019-04-09 09:57:19  

圖片默認標題_fororder_CqgNOlyrS4iACiLDAAAAAAAAAAA096_900x450_660x330

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၈ ရက်နေ့ နံနက်ပိုင်းက ပီကင်းမြို့ လုပ်အားပေး သစ်ပင်စိုက်ပျိုးရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က၊ တရုတ်အမျိုးသား၏ သစ်ပင် စိုက်ပျိုးရေးနှင့် သစ်ပင်များ ထိန်းသိမ်း ကာကွယ်ရေး အစဉ်အလာ ထွန်းကားလာအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ပြည်သူ တစ်ရပ်လုံး အနေနှင့် အတိုင်းအတာ ကြီးမားသော နယ်မြေ စိမ်းလန်းစိုပြေရေး ဆောင်ရွက်မှုတွင် ပါဝင်ပြီး အကျိုးသက်ရောက်မှုများ အဆက်မပြတ် ရရှိလာအောင် တွန်းအားပေးရမည် ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။ (ကျော့)