梅皓

ကမ္ဘောဒီးယားသည် ပြည်တွင်း လေဆိပ်များကို တိုးချဲ့တည်ဆောက်မည်

(GMT+08:00)2019-04-18 15:07:29  

  ကမ္ဘောဒီးယား လေဆိပ် လုပ်ကိုင်ဆောင်ရွက်ရေး ကုမ္ပဏီမှ မကြာခင်က ထုတ်ပြန်ခဲ့သော စာရင်းတွင် လွန်ခဲ့သည့် ၂၀၁၈ခုနှစ်က ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင်၊ စီယမ်ရစ်နှင့် သီဟာနု အပြည်ပြည်ဆိုင်ရာ လေဆိပ် ၃ခုမှ လက်ခံသည့် ခရီးသည်နှင့် ပို့ဆောင်သော ခရီးသည် စုစုပေါင်း ဦးရေမှာ ပထမဆုံး အကြိမ် အဖြစ် ဆယ်သန်းကျော်ပြီး ၁၀သန်း၅သိန်း ရှိကြောင်း ဖော်ပြသည်ဟု စီအာအိုင် သတင်းအရ သိရသည်။

  မကြာခင် နှစ်များက ကမ္ဘောဒီးယား စီးပွားရေး၊ အထူးသဖြင့် ခရီးသွား လုပ်ငန်း လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာသည်နှင့် အမျှ ခရီးသည် ဦးရေ တစ်နေ့တခြား တိုးပွား လာခြင်းကြောင့် ကမ္ဘောဒီးယား လေဆိပ်များနှင့် မြို့ပြလေကြောင်း စနစ်သည် ကြီးမား သောဖိအားခံနေရကြောင်း၊ ခရီးသည် ဦးရေ တိုးလာခြင်းနှင့် အညီ ကမ္ဘောဒီးယားသည် မြို့ပြလေကြောင်း လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရသည်။

  အနာဂတ်တွင် ကမ္ဘောဒီးယား စီးပွားရေးနှင့် ခရီးသွား လုပ်ငန်း၏ ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်မှုနှင့် ကိုက်ညီစေရန် ကမ္ဘောဒီးယား မြို့ပြလေကြောင်း လုပ်ငန်းဌာနသည် ၂၀၃၀ ပြည့်နှစ်ရောက်လျှင် တစ်ပြည်လုံးရှိ မြို့ပြလေကြောင်း လေဆိပ်များ နှစ်စဉ် ခရီးသည် သန်း ၃၀ကို လက်ခံပို့ဆောင်နိုင်စွမ်း ရှိရန် စီစဉ်ထားကြောင်း၊ ၄င်းရည်မှန်းချက်ကို အကောင် အထည်ဖော်ရန် အတွက် ကမ္ဘောဒီးယား အစိုးရသည် လေဆိပ် ၆ခုကို အသစ်တည် ဆောက်ရန်(သို့) တိုးချဲ့တည်ဆောက်ရန် အတွက် လာမည့် ၅နှစ် အတွင်း အမေရိကန် ဒေါ်လာ ၃့၇၄၈ဘီလီယံကို ရင်းနှီးမည် ဖြစ်ကြောင်း သိရသည်။