朱蕾

ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ်သည် တရုတ်ပြည်သို့ ခရီးလှည့်လည်မည်

(GMT+08:00)2019-04-18 14:07:35  

ပါကစ္စတန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ယောင်ကျင့်က တရုတ်အစိုးရ၏ ဖိတ်ကြားချက်အရ၊ ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် Imran Khanသည်၊ ယခုလ ပီကင်းတွင် ကျင်းပမည့် ဒုတိယအကြိမ်မြောက် Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ်သို့ တက်ရောက်မည်ဖြစ်ပြီး၊  ပြည်သူလူထု၏ စားဝတ်နေရေးနယ်ပယ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်များကို တရုတ်နှင့် ချုပ်ဆိုနိုင်ဖွယ်ရာရှိကြောင်း ယခုလ ၁၇ ရက်နေ့က ပြောကြားခဲ့သည်ဟု စီအာအိုင်သတင်းအရသိရသည်။