辛甜

မြို့သူမြို့သားနဲ့အစိုးရတို့ မြို့ပြကို အတူစီမံခန့်ခွဲဖို့ အကောင်အထည်ဖေါ်စေတဲ့ APP

(GMT+08:00)2019-04-18 14:27:45  

圖片默認標題_fororder_xiamen5

圖片默認標題_fororder_xiamen

圖片默認標題_fororder_xiamen2

圖片默認標題_fororder_xiamen3

圖片默認標題_fororder_xiamen1

圖片默認標題_fororder_xiamen4

ရှမိန်မြို့မှာ နေထိုင်ရင် ဒီ APP ကို မရှိရင် OUT ခေတ်နောက်ကျဖြစ်သွားပြီ။ဒီ APP ဟာ မြို့သူမြို့သား၊ ကုမ္ပဏီများအတွက် နိုင်ငံရေး၊ ပညာရေး၊ ဆေးဝါးကုသရေး၊ လူမှုအာမခံ၊ လမ်းပန်းဆက်သွယ်ရေး၊ နေအိမ် စတဲ့ဘက်များက ဝန်ဆောင်မှုကို ပံ့ပိုးတဲ့အပြင် ဒီ APP ကနေတဆင့် မြို့သူမြို့သားများဟာ လုံခြုံရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေး၊ မြို့အသွင်အပြင်၊ ခရီးသွား စတဲ့မြို့ပြစီမံခန့်ခွဲရေးပြဿနာနဲ့ပတ်သက်ပြီး အွန်လိုင်းမှာတိုင်ကြားပြီး အကြံပြုချက်လည်းတင်ပြလို့ရပါတယ်။

ဒီလ ၁၇ ရက်နေ့က ရှမိန်မြို့သား မစ္စတာလီဟာ ဥယျာဉ်မှာ လမ်းလျှောက်စဉ် ရေကန်ပေါ်မှာ သစ်ရွက်တစ်ချို့နဲ့ ပလပ်စတစ်အမှိုက်တစ်ချို့ကို တွေ့တော့ I ရှမိန် APP ကနေတဆင့် ဓါတ်ပုံရိုက်ပြီး ဒီအကြောင်းအရာကို တင်ပြလိုက်တယ်။ မြို့တော်ဝန် သီးသန့်လိုင်းက ဒီသတင်းကို ရရှိပြီးတော့ ရှမိန်မြို့ ယွင်တန်ရေကန် စီမံခန့်ခွဲရေးစင်တာအား အမှိုက်ရှင်းဖို့ တာဝန်ပေးအပ်တယ်။အမှိုက်ရှင်းပြီးတော့ မစ္စတာလီကို ဖုန်းဆက်ပြီးပြောကြားတယ်။ ဒီအတောအတွေင်း တစ်နာရီပဲကြာတယ်လို့ စီအာအိုင်သတင်းအရသိရပါတယ်။