徐敏霞

တရုတ် ဘဏ္ဍာရေး ဘတ်ဂျက်အတွင်း ငွေရင်းမြှုပ်နှံမှု ၈၀ ရာခိုင်နှုန်း ဖေါ်ဆောင်

(GMT+08:00)2019-04-19 09:35:32  

တရုတ် နိုင်ငံတော် ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် ပြောရေးဆိုခွင့်ရှိသူက၊ ယခုနှစ် ပထမ သုံးလအတွင်း တရုတ်ပြည် စီးပွါးရေး အစဦးပိုင်း အခြေအနေ ကောင်းမွန်ပါကြောင်း၊ ယခုနှစ် စီးပွါးရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များကို အကောင်အထည်ဖေါ်ဆောင်နိုင်စွမ်း ရှိကြောင်း ယခုလ ၁၈ ရက်နေ့က ပီကင်း၌ ပြောကြားပါသည်။

မကြာမီက တရုတ်အစိုးရ ထုတ်ပြန်သည့် စာရင်းအရ၊ ယခုနှစ် ပထမ သုံးလ အတွင်း တရုတ်ပြည် ဂျီဒီပီမှာ လွန်ခဲ့သည့်နှစ် အလားတူ အချိန်ပိုင်းကထက် ၆့  ၄ ရာခိုင်နှုန်း တိုးလာပါကြောင်း၊ အလုပ်အကိုင် နေရာချထားမှု၊ ကုန်ဈေးနှုန်း၊ သုံးငွေ ဝင်ငွေ၊ အရန် နိုင်ငံခြားငွေ ပမာဏ အပါအဝင် အဓိက မက္ကရို စီးပွါးရေး အညွှန်းကိန်းများသည် တရား နည်းလမ်းကျသည့် ဘောင်အတွင်း၌ ရှိနေကြောင်း၊ တစ်ချိန်တည်းတွင် တရုတ်ပြည် စီးပွါးရေး ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲမှုကိုလည်း နက်ရှိုင်းစွာ ဆောင်ရွက် နေပြီး၊ ထွန်းသစ်စ လုပ်ငန်းများ၊ အဆင့်မြင့် နည်းပညာ လုပ်ငန်းများနှင့် ဝန်ဆောင်မှု လုပ်ငန်းများသည် အသင့်အတင့် လျင်မြန်စွာ တိုးတက်လာနေကြောင်း၊ မြို့ပြနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးမှုမှာ ပိုမို ညီမျှလာနေကြောင်း သတင်းရရှိပါသည်။

၁၈ ရက်နေ့က ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင်၊ ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ယွမ်တာက၊ ယခုနှစ် ပထမ သုံးလ အတွင်း ဘဏ္ဍာရေး ဘတ်ဂျက်အတွင်း ငွေရင်းမြှုပ်နှံမှု ၈၀ ရာခိုင်နှုန်းကို အကောင်အထည် ဖေါ်ဆောင်ပြီ ဖြစ်ပြီး အဓိက တည်ဆောက်ရေး လုပ်ငန်းစဉ်များ အတွက် ငွေရင်းဆိုင်ရာ အာမခံချက် ပေးနိုင်ခဲ့ကြောင်း ပြောကြားပါသည်။ (ကျော့)