徐敏霞

ပိုမိုများပြားသောနိုင်ငံများသည် တရုတ် ကုမ္ပဏီများက5Gလှိုင်းနှုန်း တည်ဆောက်ရေးတွင် ပါဝင်ခြင်း အပေါ် တရားမျှတသော သဘောထား ဖေါ်ပြနေ

(GMT+08:00)2019-04-19 09:39:34  

圖片默認標題_fororder_陸慷

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လူခမ်းက၊ ပိုမိုများပြားသော နိုင်ငံများသည် တရုတ် လုပ်ငန်းကုမ္ပဏီများက5Gလှိုင်းနှုန်း တည်ဆောက်ရေးတွင် ပါဝင်ခြင်း အပေါ် တရားမျှတသော သဘောထား ဖေါ်ပြနေပြီ ဖြစ်ကြောင်း၊ ယင်းသည် ကမ္ဘာပေါ်တွင် နိုင်ငံ အများစုသည် အဖြစ်မှန်အပေါ် အခြေခံပြီး ကိုယ့်နိုင်ငံ၏ အကျိုးစီးပွါးနှင့် ကိုက်ညီသော ရွေးချယ်မှုကို သီးသန့်ပြုလုပ်နိုင်ခြင်းနှင့် တရားမျှတပြီး အထင်သေးမှု ကင်းမဲ့သော ဈေးကွက် ပတ်ဝန်းကျင်ကို ထိန်းသိမ်းနေခြင်းကို နောက်ထပ် တစ်ကြိမ် သက်သေပြနေကြောင်း ယခုလ ၁၈ ရက်နေ့က ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

 တရုတ် ဟွာဝေးက 5Gလှိုင်းနှုန်း တည်ဆောက်ရေးတွင် ပါဝင်ခြင်းကို ပိတ်ပင်ရန် အမေရိကန်က ဥရောပနိုင်ငံများအား အကြိမ်ကြိမ် လှုံ့ဆော် တိုက်တွန်းခဲ့သော်လည်း၊ မကြာမီက ဂျာမဏီ ပြည်ထောင်စု ကွန်ရက် လှိုင်းနှုန်း ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က၊ ဟွာဝေး အပါအဝင် မည်သည့် လုပ်ငန်းကုမ္ပဏီ မဆို သီးသန့် အဖယ် မခံ သင့်ကြောင်း ပြောဆိုပါသည်။ ဘယ်လ်ဂျီယံ ကွန်ရက်လှိုင်းနှုန်း လုံခြုံရေး စင်တာမှ ပြောရေးဆိုခွင့်ရှိသူကလည်း၊ လက်ရှိအချိန်အထိ ဟွာဝေး၏ အဆောက်အဦ နည်းပညာ ကိန်းညွှန်းများတွင် သူလျှို အန္တရာယ် ရှိခြင်းကို မတွေ့ရှိကြောင်း ဖေါ်ပြသည်ဟု သတင်းရရှိပါသည်။ (ကျော့)