徐敏霞

ရှီကျင့်ဖိန်က တရုတ်ပြည် အင်တာနက်နှင့် သတင်းအချက်အလက် နည်းပညာ လုပ်ငန်း အကြောင်း ပြောကြား

(GMT+08:00)2019-04-19 10:16:46  

圖片默認標題_fororder_u=694406668,2235039219&fm=11&gp=0

ပြီးခဲ့တဲ့ သုံးနှစ်တုန်းက ဧပြီလ ၁၉ ရက်နေ့မှာ တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်ဟာ အင်တာနက် လုံခြုံမှုနဲ့ သတင်းအချက်အလက် နည်းပညာ လုပ်ငန်း ဆွေးနွေးပွဲကို ကြီးမှူး ကျင်းပပြီး မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ အဲဒီ အစည်းအဝေးမှာ ရှီကျင့်ဖိန်က အင်တာနက် ပတ်ဝန်းကျင်နဲ့ အမြူတေကျတဲ့ နည်းပညာ စတဲ့ အကြောင်းများကို အဓိကထား ပြောကြားပြီး၊ တရုတ်နိုင်ငံကို အင်တာနက် လုပ်ငန်း အင်အား တောင့်တင်းသောနိုင်ငံ ဖြစ်စေရေးနဲ့ အင်တာနက်၊ သတင်းအချက်အလက်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်ချက်ကို ညွှန်ပြထားပါတယ်။

ရှီကျင့်ဖိန်က၊ တရုတ်နိုင်ငံဟာ ဆက်သွယ်ရေး အခြေခံ အဆောက်အအုံ ဆောက်လုပ်ရေးကို အားဖြည့် ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ အင်တာနက်နဲ့ လုပ်ငန်းကုမ္ပဏီများ နက်ရှိုင်းစွာ ရောနှော ပေါင်းစပ် ဖွံ့ဖြိုးမှုကို တွန်းအားပေးရမှာ ဖြစ်ကြောင်း၊ သတင်းအချက်အလက်နည်းပညာ စီးဆင်းမှုကို အားကိုးပြီး နည်းပညာ စီးဆင်းမှု၊ ငွေရင်း စီးဆင်းမှု၊ လူရည်ချွန်များ ကူးလူးဖလှယ်မှုနဲ့ ကုန်စည် စီးဆင်းမှုတွေကို တွန်းအားပေးရမှာ ဖြစ်ကြောင်း၊ ဒီလိုနဲ့ စီးပွါးရေး ဖွံ့ဖြိုးတိုးတက်ရေး အသွင်ပုံစံနဲ့ စီးပွါးရေး ဖွဲ့စည်းပုံ ပြုပြင် ပြောင်းလဲရေးအတွက် အပြုသဘော ဆောင်သော အခန်းမှ ပါဝင်ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း မှာကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သုံးနှစ်အတွင်း တရုတ်နိုင်ငံဟာ အင်တာနက်နဲ့ သတင်းအချက်အလက် နည်းပညာ လုပ်ငန်း ဖွံ့ဖြိုးရေးဆိုင်ရာ မဟာဗျူဟာ စီမံကိန်းများ၊ မူဝါဒများကို ရှေ့ဆင့် နောက်ဆင့် ထုတ်ပြန်ခဲ့ပါသည်။ နိုင်ငံတော် သတင်းအချက်အလက် နည်းပညာ ဖွံ့ဖြိုးရေး မဟာဗျူဟာ လုပ်ငန်းစဉ်ကို ထုတ်ပြန်ပြီး လာမယ့် ၁၀ နှစ်အတွင်း နိုင်ငံတော်ရဲ့ သတင်းအချက်အလက် နည်းပညာ ဖွံ့ဖြိုးရေး စီမံကိန်းကို ရေးဆွဲ ချမှတ်ထားပါတယ်။ နိုင်ငံတော် အင်တာနက် လုံခြုံမှု မဟာဗျူဟာကိုလည်း ထုတ်ပြန်ပြီး အင်တာနက်ဆိုင်ရာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာပိုင်မှု၊ လုံခြုံမှုနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ အခွင့်အရေး၊ အကျိုးစီးပွါးများကို ထိန်းသိမ်းထားနေပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံဟာ အင်တာနက် လုံခြုံရေး ဥပဒေကို ထုတ်ပြန်ပြီး အဲဒါဟာ အင်တာနက် လုံခြုံရေးဆိုင်ရာ တရုတ်ပြည်ရဲ့ ပထမဆုံးသော အခြေခံ ဥပဒေ တစ်ရပ် ဖြစ်တယ်လို့ သိရပါတယ်။ (ကျော့)