朱蕾

ဖုန်လိယွမ်သည်၊ ဒုတိယအကြိမ်မြောက် Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက် ရေး ထိပ်သီးဖိုရမ်သို့ တက်ရောက်နေသည့် နိုင်ငံခြားခေါင်းဆောင်များ၏ ဇနီးသည်များအား ဖိတ်ခေါ်ပြီး၊ တရုတ်ဇာတ်​သ​ဘင်များ ကြည့်ရှု

(GMT+08:00)2019-04-28 10:52:48  

圖片默認標題_fororder_1124424784_15563548990061n

圖片默認標題_fororder_1124424784_15563549068551n

圖片默認標題_fororder_1124424784_15563549068531n

圖片默認標題_fororder_1124424784_15563549068571n

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ ဇနီး ဖုန်လိယွမ်သည် ယခုလ ၂၇ ရက်နေ့ က ဒုတိယအကြိမ်မြောက် Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက် ရေး ထိပ်သီးဖိုရမ်သို့ တက်ရောက်နေသည့် နိုင်ငံခြားခေါင်းဆောင်များ၏ ဇနီးသည်များအား ဖိတ်ခေါ်ပြီး၊ တရုတ် ခွန်​ချွန်​ အော်​ပ​ရာနှင့် ပီ​ကင်း​အော်​ပ​ရာ ပြသမှုများကို ကြည့်ရှုခဲ့ကြ သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

ဇာတ်သဘင်များ ကြည့်ရှုခဲ့ပြီးနောက်၊ ဖုန်လိယွမ်က Belt and Road အတူ တည်ဆောက်ရေးတွင် ပါဝင်သည့် နိုင်ငံအသီးသီးတို့သည်၊ တစ်မူထူးသော ယဉ်ကျေးမှုများ ရှိကြောင်း၊ တရုတ်ပြည်အနေနှင့် နိုင်ငံအသီးသီးတို့နှင့် ယဉ်ကျေးမှုကူးလူးဖလှယ်ရေးနှင့် မှီ​ငြမ်း​ပြု​စုရေးကို အားဖြည့်ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရ သည်။