朱蕾

ရှီကျင့်ဖိန်သည်၊ ပေါ်တူဂီနိုင်ငံသမ္မတ de Sousa နှင့် တွေ့ဆုံ

(GMT+08:00)2019-04-30 09:45:07  

圖片默認標題_fororder_1124434740_15565444140451n

圖片默認標題_fororder_1124434740_15565444291311n

圖片默認標題_fororder_1124434740_15565445208201n

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည်၊ ယခုလ ၂၉ရက်နေ့က ပီကင်းပြည်သူ့ ခန်းမဆောင်ကြီးတွင် ပေါ်တူကီနိုင်ငံသမ္မတ de Sousa နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရ သည်။

ထိုသို့တွေ့ဆုံဆွေးနွေးခဲ့ရာ၌ ရှီကျင့်ဖိန်က တရုတ်နှင့် ပေါ်တူဂီတို့သည်၊ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်များဖြစ်ကြောင်း၊ နှစ်ဖက်ဆက်ဆံမှုသည်၊ ထင်ရှားသော မဟာဗျူဟာသဘောပါရှိပြီး၊ အကျိုးစီးပွားလည်းကိုက်ညီကာ၊ စီးပွားရေးတွင် အပြန်အလှန် ဖြည့်စွက်နိုင်ကြောင်းပြောကြားခဲ့သည်။

de Sousa ကလည်း ပြီးခဲ့သည့်နှစ်က ဥက္ကဋ္ဌရှီကျင့်ဖိန်သည် ပေါ်တူဂီနိုင်ငံတွင် အောင်မြင်စွာ တရားဝင်ခရီးလှည့်လည်ခဲ့ကြောင်း၊ ယခုနှစ်သည်၊ ပေါ်တူဂီ-တရုတ်      သံအဆက်အသွယ် ထားရှိခဲ့သည့် နှစ် ၄၀ ပြည့်မြောက်ခြင်းဖြစ်ပြီး၊ မိမိတို့အနေနှင့်၊ နှစ်နိုင်ငံအကြား အချိန်ရှည်ကြာသော ချစ်ကြည်ရေးကို အနာဂတ်သို့ ရှေးရှုသော မိတ်ဖက် ဆက်ဆံမှုအဖြစ် ပြောင်းလဲသွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရသည်။