辛甜

ရှီကျင့်ဖိန်သည် စင်ကာပူဝန်ကြီးချုပ်လီရှန်လွန်းနှင့်တွေ့ဆုံ

(GMT+08:00)2019-04-30 09:40:21  

     တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည် ယခုလ ၂၉ ရက်နေ့က ပြည်သူ့ခန်းမဆောင် ကြီး၌ စင်ကာပူဝန်ကြီးချုပ်လီစိန်လွန်းနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရသည်။

     ရှီကျင့်ဖိန်က ယခုနှစ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်သည့် နှစ် ၇၀ ပြည့်နှစ်ဖြစ်သကဲ့သို့ စင်ကာပူနိုင်ငံ နိုင်ငံခြားကုန်သွယ်ရေးဂိတ် ထားရှိသည့် နှစ် ၂၀၀ ပြည့်မြောက်နှစ်လည်း ဖြစ်ကာ လာမည့်နှစ်တွင် နှစ်နိုင်ငံတို့သံအဆက်အသွယ်ထားရှိခဲ့ သည့်နှစ် ၃၀ ပြည့်မြောက်သည့်နှစ်လည်း ရောက်တော့မည်ဖြစ်၍ နှစ်ဖက်ဆက်ဆံရေးအတွက် ဖွံ့ဖြိုးမှု အခွင့်အရေးသစ်များ ရင်ဆိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

      လီရှန်လွန်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်သည့် နှစ် ၇၀ ပြည့်မြောက် နှစ်ကို ထောမနာပြုကြောင်း၊ တရုတ်အစိုးရက မစ္စတာလီကွမ်ယုအား တရုတ်ပြုပြင်ပြောင်းလဲမှု ချစ်ကြည်ရေးဆုကို ချီးမြှင့်သည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ စင်ကာပူအနေနှင့် တရုတ်ပြုပြင်ပြောင်းလဲရေး၏ မိတ်ဖက် ဆက်လက်ဖြစ်လိုပြီး တရုတ်နိုင်ငံ ပိုမိုစည်ပင်သာယာဝပြောရန် မျှော်လင့်ကြောင်း ပြောကြားသည်။