徐敏霞

အာရှ ယဉ်ကျေးမှု ဆွေးနွေးပွဲ စည်းရုံးရေးကော်မတီသည် ဆွေးနွေးပွဲ အောင်ကျိုးရလဒ်များ ထုတ်ပြန်

(GMT+08:00)2019-05-25 10:28:26  

အာရှ ယဉ်ကျေးမှု ဆွေးနွေးပွဲကို ယခုလ ၁၅ ရက်နေ့မှ ၂၂ ရက်နေ့အထိ ပီကင်း၌ ကျင်းပခဲ့ကြောင်း၊ အာရှ ယဉ်ကျေးမှု ဆွေးနွေးပွဲ စည်းရုံးရေးကော်မတီ တာဝန်ရှိ ပုဂ္ဂိုလ်သည် ဆွေးနွေးပွဲ အောင်ကျိုးရလဒ်များကို ထုတ်ပြန်ခဲ့ကြောင်း ဆင်ဟွာ သတင်းဌာနမှ ယခုလ ၂၄ ရက်နေ့က သတင်းအရ သိရပါသည်။

ယင်းအောင်ကျိုးရလဒ်များတွင် အာရှ ယဉ်ကျေးမှု ဆွေးနွေးပွဲ ၂၀၁၉ ပီကင်း သဘော တူညီချက်ကို ထုတ်ပြန်ခြင်း၊ နှစ်နိုင်ငံအကြားနှင့် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှု ကမ်းလှမ်းချက် တင်ပြခြင်း၊ နှစ်နိုင်ငံအကြားနှင့် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှု စာတမ်းများ ချုပ်ဆိုခြင်းနှင့် လုပ်ငန်းစဉ်ဆိုင်ရာ အောင်ကျိုးရလဒ်များနှင့် သုတေသန အစီရင်ခံစာများကို ထုတ်ပြန်ခြင်းတို့ ပါဝင်ကြောင်း သိရပါသည်။