徐敏霞

အာရှ ယဉ်ကျေးမှု ဆွေးနွေးပွဲ ၂၀၁၉ ပီကင်း သဘောတူညီချက် ထုတ်ပြန်

(GMT+08:00)2019-05-25 10:26:11  

အာရှ ယဉ်ကျေးမှု ဆွေးနွေးပွဲကို ယခုလ ၁၅ ရက်နေ့က ပီကင်း၌ ဖွင့်လှစ်ခဲ့ရာ အာရှ နိုင်ငံ ၄၇ နိုင်ငံစလုံးနှင့် အခြားဒေသမှ နိုင်ငံများနှင့် နိုင်ငံတကာ အဖွဲ့အစည်းမှ ကိုယ်စားလှယ် ၁၃၅၂ ဦးတို့သည် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြကြောင်း၊ အစည်းအဝေးတွင် “အာရှ ယဉ်ကျေးမှု ကူးလူးဖလှယ်ရေး၊ အပြန်အလှန် အတုယူ ကိုးကားရေးနှင့် ကံကြမ္မာ အသိုက်အဝန်း” ဆောင်ပုဒ်ကို ဝိုင်းဝန်းပြီး ဆွေးနွေးကာ သဘောတူညီမှုများကို ကျယ်ကျယ်ပြန့်ပြန့် ရရှိ၍ အာရှ ယဉ်ကျေးမှု ဆွေးနွေးပွဲ ၂၀၁၉ ပီကင်း သဘောတူညီချက်ကို ထုတ်ပြန်ထားကြောင်း ဆင်ဟွာ သတင်းဌာနမှ ယခုလ ၂၄ ရက်နေ့က သတင်းအရ သိရပါသည်။

ယင်း သဘောတူညီချက်တွင်၊ ယနေ့ကမ္ဘာကြီးသည် ဖွံ့ဖြိုးမှုကြီး၊ ပြုပြင်ပြောင်းလဲမှုကြီး ခေတ်ကာလ၌ တည်ရှိနေပြီး ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးသည် ခေတ်ရေစီးကြောင်း ဖြစ်မြဲ ဖြစ်နေပါကြောင်း၊ တစ်ချိန်တည်းတွင် လူသားများ ရင်ဆိုင်နေရသည့် အမျိုးမျိုးသော နိုင်ငံတကာဆိုင်ရာ စိန်ခေါ်မှုများသည် ပိုမို တင်းမာနေကြောင်း၊ ယင်းစိန်ခေါ်မှုများကို ရင်ဆိုင် ဖြေရှင်းလိုပါက စီးပွါးရေးနှင့် သိပံ္ပနည်းပညာ အင်အားများ လိုအပ်သည့်အပြင် ယဉ်ကျေးမှု ဆိုင်ရာ အင်အားလည်း လိုအပ်ပါကြောင်း ရေးသားထားပါသည်။

ယင်း သဘောတူညီချက်တွင်၊ အာရှနှင့် နိုင်ငံတကာ မိသားစုကြီး အနေနှင့် ယခုအကြိမ် ဆွေးနွေးပွဲကို အစကောင်း အဖြစ်ထားပြီး အသွင်ပျိုးစုံဖြစ်သည့် ကူးလူးဖလှယ်ရေးစနစ်နှင့် အဆင့်မျိုးစုံဖြစ်သည့် ဆွေးနွေးရေး ပလက်ဖေါင်းကို တစ်ဆင့်တိုး တိုးချဲ့ရန်၊ အာရှ ယဉ်ကျေးမှုနှင့် ကမ္ဘာ့ ယဉ်ကျေးမှု၏ သာယာလှပသော အနာဂတ်ရေးကို လက်တွဲ ဖန်တီးကြရန် မျှော်လင့်ကြောင်း ရေးသားဖေါ်ပြထားပါသည်။