李悅

အာရှ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးနှင့် ယုံကြည်အားထားမှု ဆောင်ရွက်ရေး အစည်းအဝေး ပဉ္စမအကြိမ် ထိပ်သီး အစည်းအဝေးသို့ ရှီကျင့်ဖိန် တက်ရောက် မိန့်ခွန်းပြောကြား

(GMT+08:00)2019-06-16 17:01:14  

圖片默認標題_fororder_講話2

အာရှ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးနှင့် ယုံကြည် အားထားမှု ဆောင်ရွက်ရေး အစည်းအဝေး ပဉ္စမအကြိမ် ထိပ်သီး အစည်းအဝေးကို ယခုလ ၁၅ရက်နေ့က တာဂျစ်ကစ္စတန် နိုင်ငံ ဒူရှန်ဘီမြို့တော်တွင် ကျင်းပခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

圖片默認標題_fororder_講話1

တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ၄င်းအစည်းအဝေးသို့ တက်ရောက်ပြီး ”အာရှ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အခြေအနေသစ် လက်တွဲ ဖန်တီးကြရန်”ဟူသော ခေါင်းစဉ်ဖြင့် အရေးကြီး မိန့်ခွန်းပြောကြားရာတွင် အပြန်အလှန် လေးစားရေးနှင့် ယုံကြည်မှု၊ လုံခြုံတည်ငြိမ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် စည်ပင်သာယာမှု၊ တံခါးဖွင့်မှုနှင့် သက်ညှာ ထောက်ထားမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ဆန်းသစ်တီထွင်မှု ရှိသော အာရှသစ်ကို တည်ဆောက်ရန် လိုအပ်ကြောင်း၊ တရုတ်ပြည် အနေနှင့် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းပေါ် ဆက်လက် ခိုင်မာပြတ်သားစွာ လျှောက်လှမ်းပြီး တံခါးဖွင့်မှုနှင့် အတူ အောင်မြင်မှု ရရှိရေးကို စွဲကိုင်ကာ ဘက်ပေါင်းစုံ ဝါဒကို ခိုင်မာပြတ်သားစွာ လက်တွေ့ဖော်ဆောင်၍ ဘက်အသီးသီးတို့နှင့်အတူ အာရှ အပါအဝင် ကမ္ဘာ၏ ကောင်းမွန်သော အနာဂတ်ရေးကို လက်တွဲ ဖန်တီးကြမည် ဖြစ်ကြောင်း ပြောကြားသည်။