李悅

ရှီကျင့်ဖိန်နှင့် တာဂျစ်ကစ္စတန် သမ္မတ ရတ်ဟ်မိုနိုဗ် တွေ့ဆုံဆွေးနွေး

(GMT+08:00)2019-06-16 17:02:33  

圖片默認標題_fororder_會見塔吉克總統

တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၅ရက်နေ့က ဒူရှန်ဘီ မြို့တွင် တာဂျစ်ကစ္စတန် နိုင်ငံ သမ္မတ ရတ်ဟ်မိုနိုဗ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

圖片默認標題_fororder_會見塔吉克總統2

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ထိပ်သီးခေါင်းဆောင် ၂ဦးတို့က တရုတ်-တာဂျစ် ကစ္စတန် ဆက်ဆံမှု အပါအဝင် နယ်ပယ် အသီးသီးတွင် နှစ်နိုင်ငံတို့၏ ပူးပေါင်း ဆောင်ရွက်ရေး အောင်မြင်မှုများကို လွန်စွာ ချီးကျူးကြသည့် အပြင်၊ နှစ်နိုင်ငံ ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို အတူ စီမံချမှတ်ကြကြောင်း၊ ထို့အပြင်၊ ခေါင်းဆောင် ၂ဦးတို့က စိတ်ရင်းစေတနာရှိသော အပြန်အလှန် ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် အတူ အောင်မြင်မှု ရရှိရေး ရှိသော ဘက်စုံ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံမှုကို နက်ရှိုင်းစေပြီး ထာဝစဉ် ချစ်ကြည်ရေးကို ဖွံ့ဖြိုးတိုးတက်စေကာ လူသား ကံကြမ္မာ အသိုက်အဝန်း တည်ဆောက်ရေး တွန်းအားပေး၍ အတူ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင် သာယာရေးကို အကောင်အထည်ဖော်ရန် တစ်ညီတစ်ညွတ်တည်း သဘောတူကြကြောင်း သိရသည်။

圖片默認標題_fororder_會見塔吉克總統3