李悅

တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဒုဥက္ကဋ္ဌ ဂျီပင်ရွှမ်းသည် စင်္ကာပူသို့ သွားရောက်ခရီးလှည့်လည်

(GMT+08:00)2019-06-20 15:07:42  

စင်္ကာပူအမျိုးသားလွှတ်တော်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဒုဥက္ကဋ္ဌ၊ တရုတ်နိုင်ငံတကာကူးလူးဆက်ဆံရေး အသင်းဥက္ကဋ္ဌ ဂျီပင်ရွှမ်းသည် ယခုလ ၁၇ ရက်နေ့မှ ၂၀ ရက်နေ့အထိ စင်္ကာပူနိုင်ငံတွင် သွားရောက်ခရီးလှည့်လည်ခဲ့ပြီး တရုတ်-စင်္ကာပူ ယဉ်ကျေးမှု ကူးလူးဆက်ဆံရေး နှီနှေားဖလှယ်ပွဲကို တက်ရောက်ခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ဥက္ကဋ္ဌဂျီပင်ရွှမ်းက တရုတ်ပြည်အနေနှင့် တရုတ်-စင်္ကာပူနှစ်ဖက်ဆက်ဆံမှုကို အလွန် အလေးထားကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်တို့၏ သဘောတူညီမှုကို လက်တွေ့ကျကျ အကောင် အထည်ဖော်ဆောင်ပြီး နိုင်ငံရေး အပြန်အလှန် ယုံကြည်မှုကို တိုးမြှင့်ကာ “Belt &Road” အတူတည်ဆောက်ရေးကို တွန်းအားပေးရေးနှင့် နှစ်နိုင်ငံဆက်ဆံမှုကို ခေတ်ကာလနှင့်အညီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စင်္ကာပူနှင့်လက်တွဲကြိုးပမ်းရန် ဆန္ဒရှိကြောင်း ပြောကြားပါသည်။