朱蕾

တရုတ်-ကန် စီးပွားကုန်သွယ်ရေးနယ်ပယ်ရှိ သဘောကွဲလွဲမှုကို တိုင်ပင်ဆွေးနွေးရေး နည်းလမ်းဖြင့် ဖြေရှင်းနိုင်မည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

(GMT+08:00)2019-06-20 13:59:59  

      တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လူ့ခမ်းက တရုတ်နှင့် အမေရိကန်တို့အကြား အပြန်အလှန် အကျိုးမျှဝေခံစားသော သဘောတူညီမှု ရရှိခြင်း သည်၊ တရုတ်၊ အမေရိကန် နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားနှင့် ကိုက်ညီရုံသာမက၊ နိုင်ငံတကာမိသားစုကြီး၏ ကျယ်ပြန့်သော မျှော်မှန်းချက်လည်းဖြစ်ကြောင်း၊ တရုတ်- အမေရိကန် စီးပွားကုန်သွယ်ရေးနယ်ပယ်ရှိ သဘောကွဲလွဲမှုကို တိုင်ပင် ဆွေးနွေးရေး နည်းလမ်းဖြင့် ဖြေရှင်းနိုင်မည်ဟု တရုတ်ဘက်က အကြိမ်ပေါင်းများစွာ အလေးထား ဖော်ပြခဲ့ကြောင်း ယခုလ ၁၉ ရက်နေ့က ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောကြားခဲ့သည်။