宋冉

အိန္ဒိယနိုင်ငံဘီဟာလ်ပြည်နယ်တွင် အပူလှိုင်းကြောင့် လူ၉၂ဦးအထိသေဆုံး

(GMT+08:00)2019-06-20 15:18:48  

အိန္ဒိယနိုင်ငံဘီဟာလ်ပြည်နယ်အစိုးရအရာရှိတစ်ဦးက လွန်ခဲ့သည့်ရက်များအတွင်း ဆက်လက်ဖြစ်ပွားခဲ့သော အပူလှိုင်းကြောင့် ယင်းပြည်နယ်တွင် လူ၉၂ဦးအထိ သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရပါသည်။

မကြာမီက အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်၊ ရာဂျာစ်သန်ပြည်နယ်နှင့် အူဒါပြည်နယ်စသောဒေသများတွင်အပူချိန်ပြင်းထန်သော အပူလှိုင်းဖြစ်ပွားခဲ့ပြီး အချို့ဒေသများတွင်လည်း အပူချိန်သည် ၅၁ ဒီဂရီစင်တီဂရိတ်အထိရှိပြီး အိန္ဒိယနိုင်ငံ၏သမိုင်းတွင် အပူချိန်အမြင့်ဆုံးသော စံချိန်တင်ခဲ့ကြောင်း သတင်းအရ သိရပါသည်။