李悅

ဆီးရီးယားပြဿနာဆိုင်ရာ ဆွေးနွေးပွဲတွင် ပါဝင်ရန် ရုရှားက လက်ဘနွန်အား ဖိတ်ခေါ်

(GMT+08:00)2019-06-20 15:08:45  

    လက်ဘနွန်နိုင်ငံတွင် ခရီးလှည့်လည်နေသော ရုရှားသမ္မတ၏ ဆီးရီးယားပြဿနာ ဆိုင်ရာ အထူးသံတမန် Alexander Lavrentiev သည် ထပ်မံကျင်းပမည့် ဆီးရီးယားပြဿနာဆိုင်ရာ အာစတာနာဆွေးနွေးပွဲတွင် ပါဝင်ရန် ယမန်နေ့ ၁၉ ရက်နေ့က လက်ဘနွန်နိုင်ငံအား ဖိတ်ခေါ်ခဲ့ကြောင်း၊ လက်ဘနွန်နိုင်ငံသည် ယင်းအပေါ် အထူး စိတ်ဝင်စားကြောင်း ဖော်ပြခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။