李悅

တရုတ်၊ ရုရှားနှင့် အိန္ဒိယ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲသို့ ရှီကျင့်ဖိန် တက်ရောက်

(GMT+08:00)2019-06-29 16:39:33  

圖片默認標題_fororder_中俄印1

圖片默認標題_fororder_中俄印2

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌရှီကျင့်ဖိန်သည်၊ ယခုလ ၂၈ ရက်နေ့က အိုဆာကာမြို့၌ ကျင်းပသည့် တရုတ်၊ ရုရှားနှင့် အိန္ဒိယ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ပြီး၊ လက်ရှိနိုင်ငံတကာ အခြေအနေ၊ အရေးကြီး နိုင်ငံတကာနှင့် ဒေသဆိုင်ရာ ပြဿနာများနှင့် စပ်လျဉ်း၍ ရုရှား သမ္မတ ပူတင်၊ အိန္ဒိယ ဝန်ကြီးချုပ် မော်ဒီနှင့် အမြင်ချင်း များ နက်ရှိုင်းစွာ ဖလှယ်ခဲ့ကြသည်။ ၃ နိုင်ငံ ခေါင်းဆောင်တို့သည်၊ တရုတ်၊ ရုရှားနှင့် အိန္ဒိယ ပူးပေါင်းဆောင်ရွက်မှုစနစ်ကို ဆက်လက်ကောင်းမွန်စွာ ထိန်းသိမ်းပြီး၊ အသုံးပြု ကာ၊ တိုးတက်ဖွံ့ဖြိုးရန်၊ ဒေသတွင်း၊ ကမ္ဘာ့ငြိမ်းချမ်းတည်ငြိမ်ရေးနှင့် စည်ပင်သာယာရေး အားသစ်လောင်းပေးရန်အတွက် ပိုမိုကြီးမားစွာ စွမ်းဆောင်မှုပြုရန် သဘောတူကြကြောင်း ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြသည်။