朱蕾

ရှီကျင့်ဖိန်သည်၊ ကိုလံဘီယာ သမ္မတ နှင့် တွေ့ဆုံဆွေးနွေး

(GMT+08:00)2019-08-01 13:15:31  

圖片默認標題_fororder_1124822409_15645787582931n

圖片默認標題_fororder_1124822409_15645791646451n

圖片默認標題_fororder_1124822409_15645791306751n

တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည်၊ ဇူလိုင်လ ၃၁ ရက်နေ့က ပီကင်းတွင် အလည်အပတ်ရောက်ရှိနေသော ကိုလံဘီယာနိုင်ငံ သမ္မတ Ivan Duque နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း စီအာအိုင်ကဖော်ပြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးခဲ့ရာ၌ ရှီကျင့််ဖိန်က တရုတ်-ကိုလံဘီယာ သံအဆက်အသွယ် ထားရှိခဲ့သည့် အနှစ် ၄၀ ပြည့်မြောက်နှစ် အခါသမယတွင်၊ တရုတ်ပြည်သည် ကိုလံဘီယာနှင့်အတူ အနာဂတ်ဖွံ့ဖြိုးရေးစီမံကိန်းကြီးကို စီမံချမှတ်ပြီး၊ တရုတ်-ကိုလံဘီယာ ဆက်ဆံမှု အဆင့်သစ်သို့ တက်လှမ်းရန် တွန်းအားပေးလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ရှီကျင့်ဖိန်က တရုတ်၊  ကိုလံဘီယာတို့အနေနှင့်၊ အဆင့်မြင့် ဆက်ဆံမှု ကို ရင်းနှီးစေခြင်းဖြင့်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး အတွေ့အကြုံများကို ကူးလူးဖလှယ်ပြီး၊ နိုင်ငံရေးအပြန်အလှန်ယုံကြည်မှုကို နက်ရှိုင်းစေကာ၊  အပြန်အလှန် နားလည်မှုနှင့် ထောက်ခံမှုကို တိုးပွားစေရမည်ဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် နှစ်နိုင်ငံခေါင်းဆောင်တို့သည်၊ နှစ်ဖက်ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ စာချုပ်များ ချုပ်ဆိုပွဲအခမ်းအနားသို့ အတူတက်ရောက်ခဲ့ကြ သည်ဟု သတင်းအရသိရသည်။