辛甜

တရုတ်ခရီးသွားအဖွဲ့ လာအို၌ ကားတိုက်မှုဖြစ်ပွား၊ ကယ်ဆယ်ရေးလုပ်ငန်းကို အားဖြည့် ဆောင်ရွက်နေသည်ဟုတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို

(GMT+08:00)2019-08-21 10:35:28  

     ယခုလ ၁၉ ရက်နေ့က တရုတ်ခရီးသည် ၄၀ ကျော်ကို တင်ဆောင်လာသော ခရီးသည်တင်ကားတစ်စီးသည် လာအိုနိုင်ငံ  Luang Prabang ပြည်နယ်၌ ပြင်းထန်သော ကားတိုက်မှုဖြစ်ပွားသောကြောင့် လူများစွာ သေဆုံးပြီး ဒဏ်ရာရရှိခဲ့ကြပါသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကင်စွမ်းက လာအိုနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့်  Luang Prabang ဆိုင်ရာတရုတ်ကောင်စစ်ဝန်ချုပ်ရုံးတို့သည် အရေးပေါ် စနစ်ကို ချက်ချင်းကျင့်သုံးပြီး လာအိုစစ်ဘက်ရဲဘက်၊ ဒေသခံကယ်ဆယ်ရေးအင်အား၊ တရုတ်ကုမ္ပဏီ၊ ကောင်စစ်ဝန်များသည် စေတနာ့ဝန်ထမ်းများနှင့်လက်တွဲပြီး ကယ်ဆယ်ရေးလုပ်ငန်းကို ဆောင်ရွက်ရန် အားဖြည့် ညှိနှိုင်းဆောင်ရွက်နေသည်ဟု ယခုလ ၂၀ ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟု စီအာအိုင်သတင်းအရ သိရပါသည်။

ပေကျင်းစံတော်ချိန် ၂၀ ရက်နေ့နေ့လယ် ၁ နာရီအထိ တရုတ်နိုင်ငံသား ၄၄ ဦးအနက် ၁၃ ဦးသေဆုံးပြီး ၃၁ ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရပါသည်။