劉曉宇

ဟောင်ကောင်ရေးရာကို ကနေဒါ အရမ်းကာရောပြောခွင့်မရှိဟု တရုတ်ဆို

(GMT+08:00)2019-08-21 10:17:34  

        မကြာခင်ရက်များက ကနေဒါနိုင်ငံခြားရေးဝန်ကြီး ကရစ္စတီအာ-ဖရီလန်က ဟောင်ကောင်အခြေအနေနှင့်ပတ်သက်ပြီး ကြေညာချက်တစ်ရပ် ထုတ်ပြန်ကာ ယင်းသည် ယခုနှစ် မေလမှစ၍ ဖရီလန်၏ တတိယကြိမ်မြောက် ဟောင်ကောင်ရေးရာဆိုင်ရာ ကြေညာချက်ဖြစ်သည်။ ယင်းနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကင်စွမ်က ဟောင်ကောင်ရေးရာသည် တရုတ် ပြည်တွင်းရေး သပ်သပ်ဖြစ်ပြီး မည်သည့် နိုင်ငံ၊ အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်မဆို ဝင်ရောက်စွက်ဖက်ခွင့်မရှိကြောင်း၊ ကနေဒါဘက်သည် ဟောင်ကောင်ရေးရာကို အရမ်းကာရောပြောခွင့်မရှိကြောင်း ပြောကြားသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။