徐敏霞

တရုတ်နိုင်ငံသည် ငွေလဲနှုန်း ဈေးကွက် ဖြစ်တည်ရေးစနစ် ပြုပြင်ပြောင်းလဲမှုကို တွန်းအားပေး

(GMT+08:00)2019-08-21 09:43:48  

တရုတ် ဗဟိုဘဏ်သည် ပြည်လုံးဆိုင်ရာ ဘဏ်အချင်းချင်း ငွေချေးရေး စင်တာအား အာဏာ အပ်နှင်းပြီး ယခုလ ၂၀ ရက်နေ့တွင် ဘဏ်ချေးငွေ အတိုးနှုန်းLPR ဖြစ်တည်ရေးစနစ် ပြုလုပ်ပြောင်းလဲမှု ပြုလုပ်ခဲ့သည့်နောက် ပထမဆုံးသော LPRကို ထုတ်ပြန်ခဲ့ပါသည်။

တရုတ် ဗဟိုဘဏ် ဖြစ်သည့် တရုတ်ပြည်သူ့ဘဏ် ဒုဥက္ကဋ္ဌ လျူကိုချန်က၊ အတိုးနှုန်းLPR ဖြစ်တည်ရေးစနစ်သစ် ကျင့်သုံးသည့် ရည်ရွယ်ချက်မှာ ဘဏ်အတိုးနှုန်း ဈေးကွက် ဖြစ်တည်ရေးဆိုင်ရာ ပြုပြင် ပြောင်းလဲမှုကို တွန်းအားပေးရန်၊ ကုမ္ပဏီများ၏ ငွေရင်း ဆွဲဆောင်မှုဆိုင်ရာ စရိတ်များ လျော့နည်းစေရန် စသဖြင့် ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့ပါသည်။ (ကျော့)