張曉寧

ယခုနှစ်စက်တင်ဘာလတွင် တရုတ်ဟောင်ကောင်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သွားလာတဲ့ ခရီးသည်ဦးရေမှာ ယမန်နှစ်အလားတူအချိန်ပိုင်းကထက် ၁၂.၈ရာခိုင်နှုန်းကျဆင်း

(GMT+08:00)2019-10-21 13:57:56  

တရုတ်ဟောင်ကောင်လေဆိပ် စီမံခန့်ခွဲရေးဌာနမှ ယမန်နေ့ ၂၀ရက်နေ့က ထုတ်ပြန်သည့် စာရင်းတွင် ယခုနှစ် စက်တင်ဘာလ၌ တရုတ်ဟောင်ကောင်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ သွားလာတဲ့ ခရီးသည်တင်ဦးရေစုစုပေါင်း ၄သန်း၉သိန်းရှိပြီး ယမန်နှစ်အလားတူအချိန်ပိုင်းကထက် ၁၂.၈ရာခိုင်နှုန်းကျဆင်းသွားကြောင်း၊ လေယာဉ်များ ပျံသန်းခြင်းနှင့် ဆင်းသက်ခြင်း အရေအတွက်မှာ အစင်း၃၃၃၉၀ရှိပြီး ယမန်နှစ်အလားတူအချိန်ပိုင်းကထက် ၁ရာခိုင်နှုန်းကျဆင်းသွားကြောင်း၊ ကုန်တင် ကုန်ချခြင်းပမာဏမှာ တန်ချိန်ပေါင်း ၄သိန်း၆ထောင်ရှိပြီး ယမန်နှစ်အလားတူ အချိန်ပိုင်းကထက် ၅.၉ရာခိုင်နှုန်းကျဆင်းသွားကြောင်း ဖော်ပြခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။