梅皓

အနောက်နိုင်ငံများ၏ စံနှုန်း၂မျိုး ကျင့်သုံးခြင်းသည် ၄င်းတို့ မျှော်မှန်းထားသလို ဖြစ်နိုင်မည် မဟုတ်

(GMT+08:00)2019-10-21 14:12:31  

  မကြာခင် ရက်များက စပိန်နိုင်ငံ ကာတာလိုနီးယား ဒေသတွင် အကြမ်းဖက် လှုပ်ရှားမှုများ ဆက်တိုက် ဖြစ်ပွားနေကြောင်း၊ သို့သော် ဟောင်ကောင်တွင် ဖြစ်ပွားသော အကြမ်းဖက် လှုပ်ရှားမှုများ အပေါ် အားပေးသည့် ဗြိတိန်နှင့် အမေရိကန် အစိုးရသည် ကာတာလိုနီးယား ဒေသတွင် ဖြစ်ပွားသော အကြမ်းဖက် လှုပ်ရှားမှုများနှင့် ပတ်သက်၍ ရေငုံနှုတ်ပိတ်နေကြောင်း၊ ဟောင်ကောင် အကြမ်းဖက် လှုပ်ရှားမှုကို အားပေးသည့် အနောက်နိုင်ငံများမှ မီဒီယာအချို့သည် ကာတာလိုနီးယား အကြမ်းဖက် လှုပ်ရှားမှု ပြုလုပ်နေသူများကို ပြစ်တင်ရှုတ်ချပြီး စပိန် အစိုးရအား သက်ဆိုင်ရာ ဆောင်ရွက်မှုကို တင်းမာပြတ်သားစွာ ပြုလုပ်ရန် ပန်ကြားကြောင်းလည်း ဖော်ပြသည်ဟု China Media Groupမှ သတင်းအရ သိရသည်။

  ဟောင်ကောင်တွင် ဖြစ်ပွားသော အကြမ်းဖက် လှုပ်ရှားမှုသည် ”ဒီမိုကရေစီ လှုပ်ရှားမှု” ဖြစ်ကြောင်း၊ စပိန်နိုင်ငံတွင် ဖြစ်ပွားသည့် အလားတူ လှုပ်ရှားမှုကတော့ ”အကြမ်းဖက် ဆူပူလှုပ်ရှားမှု” ဖြစ်ကြောင်း၊ အနောက် နိုင်ငံများမှ ယင်းကဲ့သို့သော စံနှုန်း(၂)မျိုး ကို ပြောင်ပြောင်တင်းတင်း ကျင့်သုံးခြင်းသည် ၄င်းတို့၏ ”လွတ်လပ်ရေးနှင့် ဒီမိုကရေစီ” အပေါ် အမြတ်တနိုးထားခြင်းဟာ မိမိ အကျိုးစီးပွားကို ရှေ့ရှုပြီး ကျင့်သုံးပြုလုပ်သော စံချိန် ၂မျိုးသုံး ပရိယာယ်ပင် ဖြစ်သည်ကို ပေါ်လွင်လာစေခဲ့ကြောင်း၊ ယင်းကဲ့သို့သော စံချိန် ၂မျိုး ကျင့်သုံးခြင်းသည် ဟောင်ကောင်ရေးရာတွင် အနောက်နိုင်ငံများမှ ဝင်ရောက်စွက်ဖက်ရန် ကြံစည်မှုကိုလည်း ပေါ်လွင်လာစေခဲ့ကြောင်း၊ ၄င်းတို့၏ ကိုယ်ကျိုးစီးပွား အတွက် စံချိန် ၂မျိုး ကျင့်သုံးပြီး ဟောင်ကောင်တွင် ဖြစ်ပွားနေသော အကြမ်းဖက် လှုပ်ရှားမှုသည် ၄င်းတို့ မျှော်မှန်းထားသလို ဖြစ်နိုင်မည် မဟုတ်ကြောင်း China Media Groupက ဖော်ပြသည်။