梅皓

”တရုတ်နည်းလမ်း”သည် ဆိုက်ဘာ ကံကြမ္မာ အသိုက်အဝန်း တည်ဆောက်ရေးကို တွန်းအားပေး

(GMT+08:00)2019-10-21 15:07:20  

  ဆိုက်ဘာ လုံခြုံရေး မရှိလျှင် နိုင်ငံတော် လုံခြုံရေးလည်း မရှိကြောင်း၊ မည်သည့် နည်းပညာ မဆို ကောင်းကျိုးရှိသလို ဆိုးကျိုးလည်း ရှိကြောင်း၊ အင်တာနက်သည် သတင်း အချက်အလက်များကို အဆင်ပြေလျင်မြန်စွာ ဆောင်ကြဉ်းလာနိုင်ပြီး ဖွံ့ဖြိုးတိုးတက်မှုနှင့် စည်ပင်သာယာမှုကို ဆောင်ကြဉ်းလာနိုင်သော်လည်း အန္တရာယ်နှင့် စိန်ခေါ်မှုများကိုလည်း ဆောင်ကြဉ်းလာနိုင်ကြောင်း၊ မကြာခင် နှစ်များက ဆိုက်ဘာ တိုက်ခိုက်မှု၊ ကိုယ်ရေးအချက်အလက် ပေါက်ကြားခြင်း၊ ဆိုက်ဘာ ကြားဖြတ်နားထောင်မှုနှင့် ဆိုက်ဘာ အကြမ်းဖက်မှုစသည့် ဖြစ်ရပ်များ အကြိမ်ပေါင်းများစွာ ဖြစ်ပွားခဲ့ကြောင်း၊ နိုင်ငံအချို့သည် အင်တာနက် ဗိုလ်ကျစိုးမိုးခြင်းကို ကျင့်သုံးပြီး အခြား နိုင်ငံများ၏ အင်တာနက် သိပ္ပံနည်းပညာနှင့် လုပ်ငန်းကုမ္ပဏီများ အပေါ် ထိန်းချုပ်ဟန့်တားမှု ပြုလုပ်ကာ နိုင်ငံတကာမိသားစုကြီး၏ စိုးရိမ်မှုကို တိုးပွားစေကြောင်း China Media Groupက ဖော်ပြသည်။

  ဆိုက်ဘာ ကံကြမ္မာ အသိုက်အဝန်း တည်ဆောက်ရေးသည် ဆိုက်ဘာနယ်ပယ်တွင် လူသား ကံကြမ္မာ အသိုက်အဝန်း ကြံဆချက်ကို အရေးကြီး လက်တွေ့ဖော်ဆောင်မှု ဖြစ်ပြီး ဆက်သွယ်ရေး နည်းပညာ ထွန်းကားသည့် ယနေ့ခေတ် ဖွံ့ဖြိုးတိုးတက်ရေး ရေစီးကြောင်း နှင့် လိုက်လျောညီထွေကာ နိုင်ငံတကာ မိသားစုကြီး၏ ဘုံမျှော်မှန်းချက်နှင့်လည်း ကိုက်ညီကြောင်း၊ ဆိုက်ဘာ ကံကြမ္မာ အသိုက်အဝန်း တည်ဆောက်ရေး အတွက် သော့ချက်မှာ အတူ ညှိနှိုင်းဆွေးနွေးရေး၊ အတူ တည်ဆောက်ရေးနှင့် အတူ မျှဝေခံစားရေး ဖြစ်သည့် ကမ္ဘာ့ စီမံခန့်ခွဲရေး ခံယူချက်ကို စွဲကိုင်ရန် လိုအပ်ကြောင်း၊ ဤသို့မှသာ အင်တာနက် ဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်မှုများသည် လူသားတို့ အတွက် ပိုမိုကောင်းမွန်သော ချမ်းမြေ့သာယာမှုများကို ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း China Media Groupက ဖော်ပြသည်။