梅皓

အရှက်ကင်းမဲ့သူကို တွေ့ဖူးသော်လည်း Peter Navarroကဲ့သို့သော အရှက်ကင်းမဲ့သူကို မတွေ့ဖူးပါ

(GMT+08:00)2019-10-21 18:15:44  

  လက်ရှိ အမေရိကန် အိမ်ဖြူတော်မှ နိုင်ငံတော် ကုန်သွယ်ရေး ကော်မတီ ဥက္ကဋ္ဌ Peter Navarroသည် ကိုယ့်စိတ်ကူးဖြင့် ကိုယ့်ကိုယ်ကိုယ် တရုတ် ရေးရာ ပညာရှင် အဖြစ် သဘောထားပြီး စာအုပ်များကို ရေးသားပြုစုကာ တရုတ်ပြည်ကို အသရေပျက်အောင် လုပ်နေကြောင်း China Media Groupက ဖော်ပြသည်။

  လူအများ ပိုပြီး ဟင်ကနဲ အံ့အားသင့်မိသည့် အချက်မှာ တရုတ်ပြည်နှင့် ပတ်သက်ပြီး Peter Navarroမှ ဖြန့်ချိသည့် မဟုတ်မမှန်သတင်းများကို ဖွင့်ချဖော်ထုတ်ပြီးနောက် တရုတ် ရေးရာ ပညာရှင် ဖြစ်သည်ဟု ကိုယ့်ကိုယ်ကိုယ် ကြွားဝါသည့် အမေရိကန် သမ္မတ၏ တရုတ်ပြည် မူဝါဒ ဆိုင်ရာ ထိပ်တန်း အကြံပေး အရာရှိ Peter Navarroသည် အရှက်တရား ဖြစ်မိခြင်း လုံးဝ မရှိကြောင်း၊ ၄င်းသည် ”ယင်းသည် ရယ်စရာ တစ်ခုပင် ဖြစ်သည်” ဟူသော ပြောဆိုချက်ဖြင့် ဝတ်ကျေတန်းကျေလုပ်ခဲ့ကြောင်း၊ ထို့ကြောင့် ပညာရှင် တစ်ဦးက ”အရှက်ကင်းမဲ့သူကို တွေ့ဖူးသော်လည်း Peter Navarroကဲ့သို့သော အရှက်ကင်းမဲ့သူကို မတွေ့ဖူးဘူး”လို့ ပြောကြားကြောင်း China Media Groupက ဖော်ပြသည်။

  အမေရိကန် နိုင်ငံရေး နယ်ပယ်တွင် Peter Navarro သြဇာသက်ရောက်မှု ရှိသည့် အရင်းခံ အကြောင်းရင်းမှာ အမေရိကန်တွင် စစ်အေး အတွေးအခေါ်နှင့် zero-sum game အတွေးအခေါ် အပေါ် ယုံကြည်ကိုးကွယ်သူ များပြားနေသေးသောကြောင့် ဖြစ်ကြောင်း၊ အမေရိကန် နိုင်ငံရေး နယ်ပယ်မှ အချောင်သမားများသည် ၄င်းကို အခွင့်ကောင်း အဖြစ် ရယူပြီး ”တရုတ်ပြည်မှ ခြိမ်းခြောက်မှု”ဆိုသည့် ပြောဆိုချက်ကို အကြီးအကျယ် အမွှမ်းတင်ပြီး ဝါဒဖြန့်နေကြောင်း၊ ၄င်းတို့၏ လုပ်ရပ်သည် တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံမှ ပြည်သူများ၏ ချမ်းမြေ့သာယာမှုကို ဖျက်ဆီးရုံ သာမကဘဲ ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ရှေ့အလားအလာ အပေါ် ကပြောင်းကပြန် လုပ်ခြင်းလည်း ဖြစ်ကြောင်း China Media Groupက ဖော်ပြသည်။