張曉寧

ရှီကျင့်ဖိန်သည် တတိယအကြိမ် တရုတ်-ပစိဖိတ်ကျွန်းစုနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုဖိုရမ်သို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့

(GMT+08:00)2019-10-21 13:56:25  

တတိယအကြိမ် တရုတ်-ပစိဖိတ်ကျွန်းစုနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကို စာမိုအာနိုင်ငံ အာပီအာမြို့တော်တွင် ဖွင့်လှစ်ခဲ့ကြောင်း၊ တရုတ်နိုင်ငံဥက္ကဋ္ဌရှီကျင့်ဖိန်သည် ဖိုရမ်သို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

    ဥက္ကဋ္ဌရှီကျင့်ဖိန်က တတိယအကြိမ် တရုတ်-ပစိဖိတ်ကျွန်းစုနိုင်ငံ စီးပြွးရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ကျင်းပခြင်းသည်မိမိနှင့် ပစိဖိတ်ကျွန်းစုနိုင်ငံ ခေါင်းဆောင်တို့ အတူရရှိသော အရေးကြီးသဘောတူညီချက်ဖြစ်ကြောင်း၊ နှစ်ဦးနှစ်ဖက်တို့သည် ယင်းပလက်ဖောင်းမှတစ်ဆင့် ဆွေးနွေးဖလှယ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကို တိုးမြှင့်ပြီး နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေးတွင် ပိုမိုများပြားသည့် အောင်မြင်မှုများရရှိရန် မျှော်လင့်ကြောင်း ၄င်းဝမ်းမြောက်ကြောင်းသဝဏ်လွှာတွင် ရေးသားဖော်ပြသည်ဟု ဆင်ဟွာသတင်းအရသိရပါသည်။