李悅

၁၅ကြိမ်မြောက် နိုင်ငံတကာ ၀ူရှူးသိုင်းတံခွန်စိုက်ပြိုင်ပွဲ ရှန်ဟိုင်းမြို့၌ ကျင်းပ

(GMT+08:00)2019-10-21 15:13:33  

၁၅ကြိမ်မြောက် နိုင်ငံတကာ ၀ူရှူးသိုင်းတံ​ခွန်​စိုက်​ပြိုင်​ပွဲကို ယခုလ ၁၉ရက်နေ့မှ ၂၃ရက်နေ့အထိ တရုတ်နိုင်ငံရှန်ဟိုင်းမြို့၌ ကျင်းပနေကြောင်း တရုတ်သတင်းဝက်ဘ်ဆိုက်မှ သတင်းရရှိပါသည်။

ယခုအကြိမ်ဝူရှူးသိုင်းတံခွန်စိုက်ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်မည့် အားကစားသမားဦးရေမှာ သမိုင်းတွင် အများဆုံးဖြစ်ကြောင်း၊ နိုင်ငံနှင့်ဒေသ ၁၀၂ခု မှ အားကစားသမား၊ နည်းပြဆရာ၊ ဒိုင်လူကြီး၊ အရာရှိနှင့်ဧည့်သည်တော် ၁၁၀၀ကျော်တို့သည် ရှန်ဟိုင်းမြို့သို့ ရောက်ရှိပြီဖြစ်ကြောင်း၊ ပြိုင်ပွဲမှာ Routine နှင့် Sanda သိုင်းပညာနှစ်မျိုး ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရပါသည်။