辛甜

သွင်းကုန်ကုန်စည်ပြပွဲသည် မိမိတို့အတွက် ပိုမိုသင့်တော်သောဈေးကွက်နေရာရှာဖွေရရှိ ရေးအတွက် အကျိုးရှိကြောင်း ဘရာဇီးကုမ္ပဏီဆို

(GMT+08:00)2019-10-24 13:29:36  

圖片默認標題_fororder_baxi

     ဒုတိယအကြိမ်မြောက် တရုတ်နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲကို နိုဝင်ဘာလ ၅ ရက်နေ့မှ ၁၀ ရက်နေ့အထိ ရှန်ဟိုင်းမြို့၌ ကျင်းပမည်ဖြစ်သည်။ လွန်ခဲ့သည့်နှစ်က သရုပ်ပြလေ့လာကြည့်ရှုရေးကုမ္ပဏီအဖြစ် သွင်းကုန်ကုန်စည်ပြပွဲတွင် ပါဝင်ခဲ့သော ဘရာဇီး ကုမ္ပဏီ Fugo Food သည် ယခုနှစ်တွင် လွန်ခဲ့သည့်နှစ်က အတွေ့အကြုံများကို ဆောင်ကြဉ်းလာပြီး ပြသရေးတွင် ပါဝင်ခဲ့သည်။

     Fugo Food မန်နေဂျာချုပ် ဖယ်နန်ဒိုက သွင်းကုန်ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ၌ ကျင်းပခြင်းသည် ကမ္ဘာအား ပူးပေါင်းဆောင်ရွက်ရေးတံခါးကို ဖွင့်လှစ်ခြင်းဖြစ်ပြီး ကုန်ပစ္စည်း အရည်အသွေးလည်းကောင်း၊ ဝန်ဆောင်မှုလည်းကောင်းသော နိုင်ငံခြားကုမ္ပဏီများအတွက် အလွန်ကောင်းမွန်သော ပလက်ဖေါင်းတစ်ခုကြောင်း၊ ယခုအကြိမ် သွင်းကုန်ကုန်စည်ပြပွဲတွင် သင့်တော်သော ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ကို ရှာဖွေရရှိနိုင်ရန် မျှော်လင့်ကြောင်း၊ သွင်းကုန်ကုန်စည်ပြပွဲသည် မိမိတို့အတွက် ပိုမိုသင့်တော်သောဈေးကွက်နေရာရှာဖွေရရှိရေးအတွက် အကျိုးရှိကြောင်း ပြောကြား ပါသည်။