辛甜

သွင်းကုန်ကုန်စည်ပြပွဲဖြင့် တစ်ကမ္ဘာလုံး အတူညှိနှိုင်းဆွေးနွေး၊ အတူတည်ဆောက်၊ အတူမျှဝေခံစားရေးကို အကောင်အထည်ဖေါ်ရန် မျှော်လင့်သည်ဟု အီဂျစ်ဆိုင်ရာတရုတ် သံအမတ်ကြီးဆို

(GMT+08:00)2019-10-31 13:21:53  

圖片默認標題_fororder_埃及記者提問2.JPG

圖片默認標題_fororder_埃及記者提問1.JPG

圖片默認標題_fororder_廖力強大使宣介進博會情況.JPG

အီဂျစ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လျောက်လိချန်သည် ယခုလ ၃၀ ရက်နေ့က ကိုင်ရိုမြို့၌ သတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့ရာ အီဂျစ်နှင့် တရုတ်မီဒီယာများအား ဒုတိယ အကြိမ် တရုတ်နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲ ပြင်ဆင်ရေးအခြေအနေကို မိတ်ဆက်ခဲ့ ပါသည်။ သံအမတ်ကြီးလျောက်လိချန်က သွင်းကုန်ကုန်စည်ပြပွဲသည် အတူညှိနှိုင်းဆွေးနွေး၊ အတူတည်ဆောက်၊ အတူမျှဝေခံစားရေးခံယူချက်ဖြင့် နိုင်ငံအသီးသီးက ပူးပေါင်းဆောင်ရွက်မှုကို အားသစ်လောင်းပေးပြီး နိုင်ငံတကာကုန်သွယ်မှု ဆောင်ရွက်သော တံခါးဖွင့် ပူးပေါင်းဆောင်ရွက်ရေး ပလက်ဖေါင်း တစ်ခုဖြစ်ရန် ရည်ရွယ်ကြောင်း၊ အီဂျစ်နိုင်ငံနယ်ပယ်အသီးသီးတို့သည် ယင်းပလက်ဖေါင်း ကနေတစ်ဆင့် တရုတ်နိုင်ငံအကြောင်း တဆင့်တိုး သိရှိနားလည်ပြီး အတူညှိနှိုင်းဆွေးနွေး၊ အတူတည်ဆောက်၊ အတူမျှဝေခံစားရေးကို အကောင်အထည်ဖေါ်ရန် မျှော်လင့်ကြောင်း ပြောကြားပါသည်။