馬寧

ရှီကျင့်ဖိန်သည် Carrie Lamနှင့် တွေ့ဆုံနှုတ်ဆက်

(GMT+08:00)2019-11-05 10:11:40  

圖片默認標題_fororder_1

  တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် နိုဝင်ဘာလ ၄ရက်နေ့ညက ရှန်ဟိုင်းမြို့၌ ဒုတိယ အကြိမ်မြောက် တရုတ် နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲသို့ တက်ရောက်လာ သော ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ အုပ်ချုပ်ရေးမှူး Carrie Lamနှင့် တွေ့ဆုံ နှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

 圖片默認標題_fororder_2

  Carrie Lamမှ ဟောင်ကောင်၏ ယခုလတ်တလောအခြေအနေဆိုင်ရာ အစီရင်ခံစာကို ကြားနာပြီးနောက်၊ ရှီကျင့်ဖိန်က ဗဟိုကော်မတီအနေနှင့် Carrie Lamကို မြင့်မားစွာ ယုံကြည်ပြီး Carrie Lamနှင့် အဖွဲ့၏ စီမံအုပ်ချုပ်ရေးလုပ်ငန်းများကို အပြည့်အဝ လက်ခံ အတည်ပြုကြောင်း၊ ဟောင်ကောင် အလွှာပေါင်းစုံမှ ပုဂ္ဂိုလ်များအနေနှင့် “နိုင်ငံတစ်နိုင်ငံ စနစ်နှစ်မျိုး”လမ်းစဉ် နှင့် အခြေခံဥပဒေအတိုင်း ဘက်စုံ၊တိကျမှန်ကန်စွာ လိုက်နာ ဆောင်ရွက်ကြပြီး ဟောင်ကောင်၏ စည်ပင်သာယာရေး နှင့် တည်ငြိမ်ရေးကို အတူ ထိန်းသိမ်းကြရန် တစ်စိတ်တည်း တစ်ဝမ်းတည်း တက်ညီလက်ညီ ဆောင်ရွက်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။