ဒုတိယအကြိမ် တရုတ်နိုင်ငံတကာသွင်းကုန် ကုန်စည်ပြပွဲကို ယခုလ ၅ ရက်နေ့က ရှန်ဟိုင်းမြို့၌ ဖွင့်လှစ်ခဲ့ပြီး ဤအကြိမ်ကုန်စည်ပြပွဲသည် နိုင်ငံ၊ဒေသနှင့် နိုင်ငံတကာအဖွဲ့အစည်းစုစုပေါင်း ၁၈၁ ခု ပါဝင်ပြသခဲ့ကြောင်း၊ ၄င်းနိုင်ငံများအနက် ၆၄ နိုင်ငံသည် နိုင်ငံများဆိုင်ရာပြပွဲများ ကျင်းပကြောင်း၊ လုပ်ငန်းကုမ္ပဏီ ၃၈၀၀ သည် စီးပွားဖြစ်ပြပွဲများကို ကျင်းပကြောင်း၊ တရုတ်နိုင်ငံတကာသွင်းကုန် ကုန်စည်ပြပွဲ၏ စံချိန်သစ်ကို တင်နိုင်ခဲ့ကြောင်း၊ အီရန်ရှိတရုတ်ကုန်သည်များအသင်းဥက္ကဋ္ဌ ဟာရီရီက သတင်းထောက်နှင့် တွေ့ဆုံရာတွင် အီရန်နိုင်ငံသည် ပထမအကြိမ်အဖြစ်ဖြင့် ကုန်စည်ပြပွဲသို့ ၀င်ရောက်ပြသခြင်းဖြစ်ပြီး အီရန်ပစ္စည်များကို တရုတ်ဈေးကွက်သို့ ၀င်နိုင်အောင် တရုတ်စားသုံးသူများ ကြိုက်နှစ်သက်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။