宋冉

ဒုတိယအကြိမ်တရုတ်နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲကြောင့် ထိုင်းကုမ္ပဏီများနှင့်၎င်းတို့၏ ကုန်စည်များသည် ပိုမိုကြီးမားသော နိုင်ငံတကာဈေးကွက်ထဲသို့ ဝင်ခွင့်ရရှိ

(GMT+08:00)2019-11-07 12:40:51  

 ထိုင်းကုန်သွယ်ရေးဝန်ကြီးဌါနနိုင်ငံတကာကုန်သွယ်မှုတွန်းအားပေးရေးဦးစီးဌါနမှ ညွန်းကြားရေးမှူးချုပ် ဇွန်ဒေ ဇူဇွန်ဘွန်က China Media Groupမှ သတင်းထောက်နှင့်တွေ့ဆုံရာတွင် ဒုတိယအကြိမ် တရုတ်နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲတွင် ထိုင်းနိုင်ငံမှ လုပ်ငန်းကုမ္ပဏီစုစုပေါင်း၄၆ခုတို့ပါဝင်ပြသပြီး နေ့စဉ်သုံးပစ္စည်း၊ ကျောက်မျက်ရတနာ၊ အစားအစာ၊ လယ်ယာထွက်ပစ္စည်း၊ ဆေးဝါးကုသရေးစက်ကိရိယာများ၊ ကျန်းမာရေးပစ္စည်း၊ ဝန်ဆောင်မှုဆိုင်ရာကုန်စ္စည်းနှင့် ခရီးသွားဆိုင်ရာကုန်ပစ္စည်း စသည်တို့များပါဝင်ပြသခဲ့ပြီး ခန့်မှန်းချက်အရ ရောင်းချမှုပမာဏမှာ တရုတ်ယွမ်ငွေ သန်း၃၅၀ရရှိမည်ဖြစ်ကြောင်း၊ ပါဝင်ပြသနေသော ထိုင်းလုပ်ငန်းကုမ္ပဏီများက ယခုအကြိမ်တရုတ်နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲသည် ထိုင်းနိုင်ငံမှ ကုန်ပစ္စည်းများအတွက် တရုတ်ဈေးကွက်ထဲသို့ဝင်ရောက်ရန် ကြီးမားသော ပလက်ဖေါင်းတစ်ခုကို ဖန်တီးပေးခဲ့သည်ဟု အသီးသီးထုတ်ဖော်ကြကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။