宋冉

ဒုတိယအကြိမ်တရုတ်နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲတွင် မြန်မာကုမ္ပဏီများ တရုတ်ဈေးကွက်ရရှိရန် မျှော်လင့်

(GMT+08:00)2019-11-07 16:24:23  

圖片默認標題_fororder_547925904

圖片默認標題_fororder_772283406

圖片默認標題_fororder_1445846989

တရုတ်ပြည်ရှန်ဟိုင်းမြို့၌ ဒုတိယအကြိမ် တရုတ်နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲ ကျင်းပ လျက်ရှိရာ မြန်မာနိုင်ငံလက်ဖက်အသင်း၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ ရွှေတောင်ကုန်း Brother ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးမောင်လွင်က မြန်မာနိုင်ငံမှ လက်ဖက်၊ ကော်ဖီစသည့် ပြည်တွင်းထုတ်ကုန် ပစ္စည်းများအပြင် နိုင်ငံခြားဈေးကွက် ရရှိလျက်ရှိသော မြန်မာ့ကျောက်မျက်ရတနာများကို ပါဝင် ပြသလျက်ရှိကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖိတ်ကြားသည့်အတွက် ကုန်စည်ပြပွဲသို့ လာရောက်ခြင်း ဖြစ်ကြောင်း၊ ပြပွဲတွင် လာရောက် ပြသခြင်းအားဖြင့် ကုန်ပစ္စည်းများကို အခွန်ဆောင်စရာမလိုကြောင်း၊ ပြပွဲလာသူများမှ မြန်မာ့ လက်ဖက်ကို အထူးစိတ်ဝင်စားမှုရှိကြောင်း၊ ကုန်စည်ပြပွဲတွင် ပါဝင်ပြသခြင်းဖြင့် အလားအလာကောင်း များစွာ ရရှိမည်ဟု မျှော်လင့်ကြောင်း၊ မြန်မာ့ကုန်ပစ္စည်း အများစုမှာ Organic ပစ္စည်းများဖြစ်ကြောင်း၊ ကုန်စည်ပြပွဲများမရှိခင်က မှောင်ခိုဈေးကွက်နှင့်ဝင်ခြင်းဖြစ်ပြီး အခုအခါ တံခါးဖွင့်ဝါဒများကြောင့် တရားဝင် ၀င်လာခြင်းဖြစ်ကြောင်း၊ တရုတ်ပြည်ဈေးကွက်ကို လေ့လာဖြစ်ပြီး မြန်မာကုမ္ပဏီ (၁၀)ခုကျော် ပါဝင်ပြသလျက်ရှိကြောင်း၊ ယခုအကြိမ် ကုန်စည်ပြပွဲသည် ကုန်စည်ပြပွဲတစ်ခုမဟုတ်ဘဲနှင့် နိုင်ငံ တစ်နိုင်ငံ၏ ယဉ်ကျေးမှု၊ စားသောက်ကုန်၊ ထုတ်ကုန်ပစ္စည်းများကို ပြသသည့်ပွဲအဖြစ် ယုံကြည်ကြောင်း၊ မြန်မာပြခန်းတွင် ရုပ်သေးအက၊ စောင်းတီးခြင်းများဖြင့်လည်း ဖျော်ဖြေလျက်ရှိကြောင်း၊ တရုတ်မြန်မာ နှစ်နိုင်ငံသည် နီးစပ်လျက်ရှိသည့်နိုင်ငံများဖြစ်သည့်အပြင် တရုတ်မှာ လူဦးရေအားဖြင့် အားသာချက် များစွာ ရှိခြင်းကြောင့် တရုတ်နိုင်ငံ၏ ဈေးကွက်ရရှိရန် ပိုမိုမျှော်လင့်ထားကြောင်း သတင်းထောက်၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်ဟု China Media Group မှ သတင်းအရသိရသည်။