馬寧

ဝမ်ယန်သည် အီဂျစ်၊ အိုမန် နှင့် လာအိုသို့ ချစ်ကြည်ရေးခရီးလှည့်လည်မည်

(GMT+08:00)2019-11-08 10:34:17  

  အီဂျစ်နိုင်ငံ လွှတ်တော် ဥက္ကဋ္ဌ အာလီ၊ အိုမန်နိုင်ငံတော် ကော်မတီ ဥက္ကဋ္ဌ မန်သယ်ရီ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့်  ပြည်လုံးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဝမ်ယန်သည် နိုဝင်ဘာလ ၁၀ရက်နေ့မှ ၁၆ရက်နေ့အထိ အဆိုပါ၂နိုင်ငံသို့ တရားဝင်ချစ်ကြည်ရေး ခရီးလှည့်လည်မည်ဖြစ်ကြောင်း၊ လာအိုပြည်သူ့ တော်လှန်ရေးပါတီ ဗဟိုကော်မတီနိုင်ငံရေးဦးဆောင်အဖွဲ့ဝင်၊ နိုင်ငံတော် တည်ထောင်ရေး တပ်ပေါင်းစု ဗဟိုကော်မတီ ဥက္ကဋ္ဌ စိုင်စွန်ဖုန်၏ဖိတ်ကြားချက် အရ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်းအဖွဲ့ဝင်၊ တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့်  ပြည်လုံးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဝမ်ယန်သည် နိုဝင်ဘာလ ၁၆ရက်နေ့မှ ၁၉ရက်နေ့အထိ လာအိုနိုင်ငံတွင် တရားဝင် ချစ်ကြည်ရေး ခရီးလှည့်လည်မည်ဖြစ်ကြောင်း၊ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကင်စွမ်က ၇ရက်နေ့က ထုတ်ပြန်ခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။