朱蕾

ဒုတိယအကြိမ်မြောက် ရှန်ဟိုင်း သွင်းကုန်ကုန်စည်ပြပွဲတွင် ဥရောပသမဂ္ဂ လုပ်ငန်းကုမ္ပဏီ ၇၅၀ခန့် ပါဝင်

(GMT+08:00)2019-11-08 14:35:07  

ဒုတိယအကြိမ်မြောက် တရုတ်နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲကို ရှန်ဟိုင်းမြို့တွင် ကျင်းပလျက်ရှိသည်။ တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကောဖုန်းက  သွင်းကုန်ကုန်စည်ပြပွဲသည် ကမ္ဘာ့နိုင်ငံအသီးသီးမှ ခင်းကျင်းပြသသူနှင့် တင်သွင်းဝယ်ယူ သူများအတွက် ပလက်ဖေါင်းတစ်ခုကို ဖန်တီးပေးခဲ့ကြောင်း၊ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ မှ ကုမ္ပဏီ ၇၅၀ခန့် ယခုအကြိမ်ပြပွဲတွင် ပါဝင်ခဲ့ကြောင်း၊ လက်ရှိအချိန်အထိ၊ ဥရောပ သမဂ္ဂ အဖွဲ့ဝင်နိုင်ငံများမှ လုပ်ငန်းကုမ္ပဏီ ၄၀ ကျော်တို့သည်၊ လာမည့် နှစ်တွင် ကျင်းပမည့် တတိယ အကြိမ်မြောက် တရုတ်နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲသို့ ပါဝင်ရန် လှောက်ထားခဲ့ကြကြောင်း ယခုလ ၇ ရက်နေ့က ပီကင်း၌ ရှင်းလင်းပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရသည်။