辛甜

တရုတ်နိုင်ငံတကာသွင်းကုန် ကုန်စည်ပြပွဲတွင် မြန်မာဘီယာ ပါဝင်ပြသလျက်ရှိ

(GMT+08:00)2019-11-09 11:36:59  

圖片默認標題_fororder_1

圖片默認標題_fororder_2

တရုတ်ပြည်၏ နိုင်ငံ အသီးသီးမှ ကုန်ပစ္စည်းများကို ဝယ်ယူရေးနှင့် နိုင်ငံ အသီးသီးကို အကျိုးစီးပွား ခံစားရရှိစေရေး ပလက်ဖောင်း ဖြစ်သည့် နိုင်ငံတကာ သွင်းကုန်ကုန်စည် ပြပွဲသည် တစ်ကမ္ဘာလုံးတွင် ဈေးကွက် တိုးပွားစေရန်နှင့် တရုတ်ပြည်၏ ဖွံ့ဖြိုးတိုးတက်ရေး အမြန်မောင်းရထားပေါ် နိုင်ငံ အသီးသီးက တက်နိုင်ရန်အတွက် အရေးကြီး အခွင့်ကောင်း များကို ဖန်တီးပေးလျက်ရှိသည့် နိုင်ငံတကာ သွင်းကုန် ကုန်စည် ပြပွဲကြီး တစ်ခုပင် ဖြစ်သည်။ အဆိုပါပြပွဲကို အောက်တိုဘာလ (၅)ရက်နေ့မှ (၁၀)ရက်နေ့အထိ ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် မြန်မာဘီယာကုမ္ပဏီသည်လည်း ပြပွဲတွင် ကုန်ပစ္စည်းများကို မိတ်ဆက်ပြသလျက်ရှိသည်။ မြန်မာဘီယာကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးကို CRI သတင်းထောက်က တွေ့ဆုံမေးမြန်းရာတွင် ပြပွဲပြသရမှုအခြေအနေနှင့် ဈေးကွက်အနေ အထားအပေါ် အခုလို ပြန်လည်ဖြေကြားခဲ့သည်။

 ကျွန်တော့်နာမည်ကတော့ ၀င်းဇော်ထွန်းပါ။ မြန်မာဘီယာကုမ္ပဏီကို ကိုယ်စားပြုပြီး လာတာဖြစ်ပါတယ်။ လာရတဲ့အကြိမ်အရေအတွက်ကတော့ (၂)ကြိမ်ရှိပါပြီ။ ပြီးခဲ့တဲ့ ပထမအကြိမ် CIIE ကိုစလာပြီး အခု ဒုတိယအကြိမ်ဆက်တိုက်လာတဲ့အတွက် အခု (၂)ကြိမ်ရှိပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်နဲ့ ဒီနှစ်ကွာခြားမှုကတော့ ဒီနှစ်မှာ ပိုပြီး တိုးတက် လာပါတယ်။ အဆင်အပြင်တွေရော စီစဉ်ထားတာတွေရော ပြခန်းတွေရဲ့ အရေအတွက် တွေရော ပိုပြီးများလာပါတယ်။ လာပြီးပြသရတဲ့ရည်ရွက်ချက်ကတော့ မြန်မာဘီယာကို တရုတ်နိုင်ငံဈေးကွက်မှာ စားသုံးသူတွေသိအောင်လို့ လာရောက်ပြသရခြင်းဖြစ်ပါတယ်။ ပွဲကို သိရတဲ့အကြောင်းအရင်းကတော့ ပြီးခဲ့တဲ့နှစ် (၆)လပိုင်းတုန်းက ကူမင်းမှာ အရှေ့တောင်အာရှ နိုင်ငံတွေနဲ့ပတ်သက်ပြီးတော့ ပြပွဲတစ်ခုရှိတယ်။ အဲဒီပြပွဲကို လာပြရင်းနဲ့ ဒီပွဲရှိတယ်ဆိုတာ သိတဲ့အတွက်ကြောင့်မို့ စုံစမ်းပြီးတော့ လာရောက်ပြသရခြင်းဖြစ်ပါတယ်။

      တရုတ်နိုင်ငံရဲ့ကုန်သွယ်မှုပေါ်လစီကတော့ အခုလက်ရှိအခြေအနေမှာ တရုတ်နိုင်ငံက နိုင်ငံခြားကုမ္ပဏီတွေရဲ့ ကုန်ပစ္စည်းတွေကို သူ့နိုင်ငံမှာ လာရောင်းချဖို့အတွက်ကို သူက ဖိတ်ခေါ်ပြီးတော့ စီစဉ်နေတဲ့ရည်ရွယ်ချက်ဖြစ်ပါတယ်။ အဲဒီတော့ ဒီဟာက အများကြီး ကောင်းတဲ့မူဝါဒဖြစ်ပါတယ်။ ကျွန်တော်ရဲ့တစ်ယောက်ထဲအမြင်အရပြောရရင် တရုတ်နိုင်ငံက သူများနိုင်ငံတွေကို ပစ္စည်းရောင်းရုံတင်မဟုတ်ဘူး သူများတခြားနိုင်ငံတွေရဲ့ပစ္စည်းတွေ ကိုလည်း သူ့နိုင်ငံမှာ လာရောင်းဖို့အတွက်ကို တရုတ်နိုင်ငံရဲ့ သမ္မတကြီး မစ္စတာ ရှီကျင့်ဖျင်က သူ့ရဲ့ အဖွင့်အမှာစကားမှာလည်း ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာလည်း သူစပြီး မိတ်ဆက်ခဲ့တဲ့အတွက် ဒီဟာက တစ်နှစ်ပြီးတစ်နှစ် တိုးတက်လာဖို့ပဲ ရှိပါတယ်။

      ပြခန်းကိုတော့ တော်တော်များများက စိတ်ဝင်စားကြပါတယ်။ အထူးသဖြင့် မြန်မာဘီယာဆိုတဲ့နာမည်ကို တော်တော်များများက စိတ်ဝင်စားကြတယ်။ ဘီယာတံဆိပ်တွေ ထဲမှာ ဒီလိုမျိုး နိုင်ငံရဲ့အမှတ်တံဆိပ်နဲ့ ရောင်းချတဲ့ဘီယာတွေက အရမ်းနည်းတဲ့အချိန်မှာ လူတော်တော်များများက စိတ်ဝင်စားကြတာပေါ့။ နောက်ပြီးတော့ မြန်မာနိုင်ငံကိုလည်း မသိသေးတဲ့သူတွေက ဒီတံဆိပ်တွေကြောင့် လူတွေအများကြီး စိတ်ဝင်စားတဲ့အတွက်ကြောင့် မို့လို့ ကုန်အမှတ်တံဆိပ်တစ်ခုထဲတင်မဟုတ်ဘူး နိုင်ငံအနေနဲ့ပါ အကျိုးရှိတယ်လို့ ယူဆပါတယ်။

      တရုတ်နိုင်ငံရဲ့ ဈေးကွက်ထိုးဖောက်မှုအနေနဲ့ပြောရရင်တော့ တရုတ်နိုင်ငံရဲ့ ဈေးကွက်က အရမ်းကြီးပါတယ်။ အရမ်းကြီးတဲ့အခါကျတော့ တစ်နိုင်ငံလုံးကို ရောင်းချဖို့ အတွက်ကတော့ ဘယ်လိုမှ မဖြစ်နိုင်သေးပါဘူး။ အများကြီးကြိုးစားရဦးမှာပါ။ ကျွန်တော်တို့ အနေနဲ့ အခုလက်ရှိအခြေအနေအရဆိုရင် ယူနန်ပြည်နယ်ကို အခြေပြုပြီးတော့ တခြား အနီးအနားမှာရှိတဲ့ ပြည်နယ်လေးတွေကို ၊ ပြည်နယ်တွေကို ဆက်ပြီးထိုးဖောက်ဖို့အတွက် အစီအစဉ်ဆွဲထားပါတယ်။ ယူနန်ပြည်နယ်မှာလည်း အခု မြန်မာဘီယာကိုရောင်းချလာတာ (၂)နှစ်ကျော်လာပါပြီ။ (၂)နှစ်ကျော်လာတဲ့အခါကျတော့ သူ့ရဲ့ဈေးကွက် အနေအထားနဲ့ နောက် ပြည်နယ်တွေကိုလည်း အခု ကျဲ့ကျန်းပြည်နယ်တို့ ကွမ်တုန်းပြည်နယ်တို့ကိုလည်း အခု ဆက်လက်ပြီးထိုးဖောက်ဖို့ အတွက်ကို စီစဉ်နေပါတယ်။ ရှန်ဟိုင်းမြို့ကိုလည်း အခု ရောင်းချဖို့အတွက်ကို စီစဉ်နေပါပြီ။ လာမယ့် (၁၂)လပိုင်းလောက်ဆိုရင် ကွန်တိန်နာတစ်လုံး စရောင်းချတော့မှာပါ။ အခြေအနေကတော့ ရောင်းချပြီးတဲ့အချိန်မှာ ဘယ်လို ဖြစ်လာမလဲ ဆိုတာတော့ စောင့်ကြည့်ရဦးမှာပါ။ အခုတရုတ်နိုင်ငံအတွက် ကျွန်တော်တို့ မြန်မာဘီယာရဲ့ ကိုယ်စားလှယ်ကို ကျဲ့ကျန်းပိုရယ်ကုမ္ပဏီကို ခန့်အပ်ထားပါတယ်။ အဲ့တော့ ဒီကိုယ်စားလှယ် အနေနဲ့လည်း အခုအွန်လိုင်းပေါ်မှာရောင်းချဖို့အတွက်ကို အစီအစဉ်တွေဆွဲနေပါပြီ။ အဲဒီ ဟာကလည်း အခြေအနေကောင်းလာမှာပါ။ နောက်ပိုင်းကျရင် ဖြစ်လာမှာပါ။ အခုကြိုးစား နေတယ်။