馬寧

ရှီကျင့်ဖိန်သည် အေသင်သို့ ရောက်ရှိ

(GMT+08:00)2019-11-11 11:06:45  

圖片默認標題_fororder_1

  ဒေသစံတော်ချိန် နိုဝင်ဘာလ ၁၀ရက်နေ့က တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အထူးလေယာဉ်ဖြင့် အေသင်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိပြီး ဂရိသမ္မတနိုင်ငံ ၌ စတင် တရားဝင်ခရီးလှည့်လည်ခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

  ဂရိနိုင်ငံခြားရေးဝန်ကြီး ဒန်ဒီအာစ် စသော အစိုးရအဆင့်မြင့်အရာရှိများသည် လေဆိပ်၌ ဥက္ကဋ္ဌ ရှီကျင့်ဖိန်နှင့်ဇနီးဖုန်လိယွမ်တို့အား လှိုက်လှဲစွာ ကြိုဆိုခဲ့ကြကြောင်း သိရပါသည်။

圖片默認標題_fororder_2

  ရှီကျင့်ဖိန်က မိမိအနေနှင့် သမ္မတ ပါဖ်လိုပိုလိုစ်၊ ဝန်ကြီးချုပ် မီဆိုတာကီစ်စသော ဂရိခေါင်းဆောင်များနှင့် အခြေအနေသစ်အောက်တွင် တရုတ်-ဂရိဆက်ဆံရေးဖွံ့ဖြိုး တိုးတက်မှုနှင့်ပတ်သက်၍ နက်ရှိုင်းစွာ အမြင်ချင်းဖလှယ်ကြပြီး အနာဂတ် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု ဖွံ့ဖြိုးရေးလမ်းစဉ်ကို အတူရေးဆွဲချမှတ်ကြကာ တရုတ်-ဂရိ ဘက်စုံ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံရေးကို အခန်းကဏ္ဍသစ်ဖွင့်လှစ်အောင် အတူ တွန်းအားပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

  ဂရိနိုင်ငံဆိုင်ရာ တရားဝင်ခရီးစဉ်အပြီး ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဘရာဇီးနိုင်ငံတွင် BRICSနိုင်ငံ ခေါင်းဆောင်များ ၁၁ကြိမ်မြောက် တွေ့ဆုံပွဲသို့ တက်ရောက်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။