朱蕾

ရှီကျင့်ဖိန်သည်၊ ဂရိသမ္မတနှင့် တွေ့ဆုံဆွေးနွေး

(GMT+08:00)2019-11-12 12:13:45  

圖片默認標題_fororder_1125218942_15734945751611n

圖片默認標題_fororder_1125218942_15734946053261n

圖片默認標題_fororder_1125218942_15734944030031n

ဒေသစံတော်ချိန် ယခုလ ၁၁ ရက်နေ့က တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည်၊ အေသင်၌ ဂရိနိုင်ငံ သမ္မတ  Pavlopoulos နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ နှစ်နိုင်ငံ ခေါင်းဆောင်တို့သည်၊ နိုင်ငံရေးအပြန်အလှန်ယုံကြည်မှု ခိုင်မြဲစေရန်၊ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန်၊ ယဉ်ကျေးမှု ကူးလူးဖလှယ်ရန်နှင့် လူသားကံကြမ္မာ အသိုက်အဝန်း တည်ဆောက်ရေးတွင် အရှေ့တိုင်းနှင့် အနောက်တိုင်းဥာဏ်စွမ်းများကို စွမ်းဆောင်မှုပြုရန် သဘောတူကြကြောင်း ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ရှီကျင့်ဖိန်က လက်ရှိကမ္ဘာ အပြောင်းလဲကြီး ပြောင်းလဲနေသည့် အခြေအနေမျိုးတွင် တရုတ်နှင့် ဂရိတို့အနေနှင့် အတူကြိုးပမ်းပြီး၊ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစွာပြုလုပ်ကာ၊ ပိုမို သ​မာ​သ​မတ်​ကျသော နိုင်ငံတကာ စည်းစနစ် တိုက်တွန်းအားပေးကြရန် မျှော်လင့်ပါကြောင်းပြောကြားခဲ့သည်။

တွေ့ဆုံပွဲ မကျင်းပခင်က Pavlopoulos သည်၊ ရှီကျင့်ဖိန်အတွက် ခမ်းနား သိုက်မြိုက် သော ကြိုဆိုပွဲအခမ်းအနားကို ကျင်းပခဲ့သည်ဟု သတင်းအရသိရသည်။