梅皓

ပြည်မကြီးတွင် ဟောင်ကောင်နှင့် မကာအို လူငယ်များ၏ လုပ်ငန်း တည်ထောင်ရေး ဆိုင်ရာ ကူးလူးဖလှယ်ပွဲ ကျင်းပ

(GMT+08:00)2019-11-13 16:38:56  

  ”စိန်ခေါ်မှု ဖလား” တရုတ်ပြည်လုံးဆိုင်ရာ တက္ကသိုလ် ကျောင်းသူကျောင်းသားများ၏ သင်တန်းချိန်အပြင်တွင် တီထွင်ထုတ်လုပ်သော သိပ္ပံနည်းပညာ ပစ္စည်းများ ပြိုင်ပွဲ၌ ပါဝင်ကြသော ဟောင်ကောင်၊ မကာအို တက္ကသိုလ် ကျောင်းသူကျောင်းသားများ၊ ပြည်မကြီး၌ လုပ်ငန်းတည်ထောင်သော ဟောင်ကောင်၊ မကာအို လူငယ်များနှင့် တရုတ် ပြည်လုံးဆိုင်ရာ လူငယ်များ အဖွဲ့ချုပ်၏ အဖွဲ့ဝင်များသည် ယခုလ ၁၂ရက်နေ့က ပီကင်းတွင် ကူးလူးဖလှယ်မှုများကို ပြုလုပ်ခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရသည်။

  ပြည်မကြီးတွင် လုပ်ငန်း အောင်မြင်စွာ တည်ထောင်ခဲ့သော ဟောင်ကောင်နှင့် မကာအို လူငယ် ကိုယ်စားလှယ်များသည် ဟောင်ကောင်နှင့် မကာအို တက္ကသိုလ် ကျောင်းသူကျောင်းသားများအား သက်ဆိုင်ရာ မူဝါဒနှင့် ကုမ္ပဏီ တည်ထောင်ခြင်း အပါအဝင် ၄င်းတို့၏ လုပ်ငန်း တည်ထောင်ရေးတွင် ရရှိသော အတွေ့အကြုံများကို မိတ်ဆက်ပေးပြီး မေးမြန်းချက်များကိုလည်း ပြန်လည် ဖြေကြားခဲ့ကြောင်း သိရသည်။

  မကြာခင် နှစ်များက တရုတ် ပြည်မကြီးတွင် လုပ်ငန်း တည်ထောင်ရေး အခြေအနေ ဆက်တိုက် ကောင်းမွန်လာပြီး ဟောင်ကောင်နှင့် မကာအို မွေးချင်းပေါက်ဖော်များအား အကျိုးခံစားရရှိစေနိုင်သော အဆင်ပြေသည့် ဆောင်ရွက်ချက်များကို အဆက်မပြတ် ထုတ်ပြန်ကျင့်သုံးခြင်းသည် ပြည်မကြီးတွင် ဟောင်ကောင်နှင့် မကာအို လူငယ်များ၏ လုပ်ငန်းတည်ထောင်ရေး အတွက် ကောင်းမွန်သည့် အခြေအနေကို ဖန်တီးပေးနေကြောင်း China Media Groupက ဖော်ပြသည်။