馬寧

မည်သည့်နိုင်ငံခြားအစိုးရ၊ အဖွဲ့အစည်း နှင့် ပုဂ္ဂိုလ်မှ ဟောင်ကောင်ရေးရာတွင် ဝင်ရောက်စွက်ဖက်ခွင့်မရှိပေဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထပ်မံပြောကြား

(GMT+08:00)2019-11-14 11:48:22  

  အမေရိကန်နိုင်ငံတော်လွှတ်တော်မှ ဟောင်ကောင်ဆိုင်ရာ ဥပဒေမူကြမ်းကို တွန်းအားပေးခြင်း နှင့် ဟောင်ကောင်ဆိုင်ရာ ဥရောပသမဂ္ဂ၏ပြောဆိုမှု နှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကင်စွမ်က ဟောင်ကောင်သည် တရုတ်ပြည်၏ဟောင်ကောင်ဖြစ်သကဲ့သို့ ဟောင်ကောင်ရေးရာသည် တရုတ်ပြည်တွင်းရေးရာ ဖြစ်ကြောင်း၊ မည်သည့် နိုင်ငံခြားအစိုးရ၊ အဖွဲ့အစည်း နှင့် ပုဂ္ဂိုလ်မှ ဟောင်ကောင်ရေးရာတွင် ဝင်ရောက်စွက်ဖက်ခွင့်မရှိကြောင်း ၁၃ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ထပ်မံပြောကြားခဲ့သည် ဟု China Media Group မှ သတင်းအရ သိရပါသည်။