梅皓

အောက်တိုဘာလတွင် တရုတ် CPI တိုးနှုန်းမြင့်တက်လာခြင်း၏ အဓိက အကြောင်းရင်းမှာ ဝက်သား အပါအဝင် အစားအစာများ၏ ဈေးနှုန်းမြင့်တက်လာခြင်းကြောင့်ဖြစ်သည်ဟု တရုတ် အမျိုးသား စာရင်းအင် ဌာနဆို

(GMT+08:00)2019-11-14 12:28:54  

  မကြာခင်က တရုတ် အမျိုးသား စာရင်းအင် ဌာနမှ ထုတ်ပြန်ခဲ့သော စားရင်တွင် ယခုနှစ် အောက်တိုဘာလ၌ တရုတ်ပြည်၏ CPIအညွန်းကိန်းသည် ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၃့၈ရာခိုင်နှုန်း တိုးလာပြီး ၄င်းတိုးနှုန်းသည် ယခုနှစ် စက်တင်ဘာလ ကထက် ဝ့၈ရာခိုင်နှုန်း ပိုမြင့်ကြောင်း ဖော်ပြသည်ဟု China Media Groupမှ သတင်းအရ သိရသည်။

  တရုတ် အမျိုးသား စာရင်းအင် ဌာနမှ ပြောရေးဆိုခွင့်ရှိသူ လျူအဲ့ဟွာက ယခုလ ၁၄ရက်နေ့က ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် အောက်တိုဘာလ၌ တရုတ် CPI တိုးနှုန်းမြင့်တက်လာခြင်း၏ အဓိက အကြောင်းရင်းမှာ ဝက်သား အပါအဝင် အစားအစာများ၏ ဈေးနှုန်းမြင့်တက်လာခြင်းကြောင့်ဖြစ်ကြောင်း၊ အောင်တိုဘာလက အစားအစာ ဈေးနှုန်းသည် ယမန်နှစ် အလားတူ အချိန်ပိုင်း ကထက် ၁၅့၅ရာခိုင်နှုန်း တိုးလာကြောင်း သိရသည်။