辛甜

ရှီကျင့်ဖိန်သည် အိန္ဒိယဝန်ကြီးချုပ်မိုဒီနှင့် တွေ့ဆုံဆွေးနွေး

(GMT+08:00)2019-11-14 11:45:50  

ဒေသစံတော်ချိန် ယခုလ ၁၃ ရက်နေ့က တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည် ဘရာဇီးလီးယားမြို့၌ အိန္ဒိယဝန်ကြီးချုပ်မိုဒီနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ဆင်ဟွာသတင်း အရသိရပါသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ရှီကျင့်ဖိန်က သိပ်မကြာသေးခင်က မိမိတို့သည် Chennai မြို့၌ အောင်မြင်စွာ တွေ့ဆုံဆွေးနွေးခဲ့ပြီး နိုင်ငံတကာနှင့် ဒေသတွင်းအခြေအနေ၊ နှစ်နိုင်ငံဆက်ဆံရေးတွင် အရေးကြီးသောကိစ္စရပ်များနှင့်ပတ်သက်၍ နက်ရှိုင်းစွာ ဆွေးနွေးဖလှယ်ခဲ့ကြောင်း၊ နှစ်နိုင်ငံ သက်ဆိုင်ရာဌာနတို့သည် မိမိတို့ရရှိသော သဘောတူညီချက်များကို လက်တွေ့ဖေါ်ဆောင်လျက်ရှိကြောင်းပြောကြားခဲ့ပါသည်။

 မိုဒီက မိမိတို့ ဝူဟန့်မြို့နှင့် Chennai မြို့၌ နှစ်ကြိမ်တွေ့ဆုံဆွေးနွေးမှုသည် ယုံကြည်မှုနှင့် ချစ်ကြည်ရေးကို နက်ရှိုင်းစေကြောင်း ပြောကြားခဲ့သည်။