馬寧

တရုတ်နိုင်ငံသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသော လုပ်ငန်းကုမ္ပဏီများ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကောင်းမွန်သော စီးပွားရေး ပတ်ဝန်းကျင် နှင့် စနစ်ဆိုင်ရာအာမခံချက်ကို ဆက်လက်မြှင့်တင်ပေးမည်

(GMT+08:00)2019-12-10 14:32:23  

  တရုတ်နိုင်ငံအနေနှင့် စီးပွားရေး ပတ်ဝန်းကျင် ပိုမိုကောင်းမွန်အောင် ပြုပြင်ပြောင်းလဲမှုကို အလေးထားကြောင်း၊ ပြုပြင်ပြောင်းလဲမှုကို အဆက်မပြတ် နက်ရှိုင်းစွာ ပြုလုပ်နေကြောင်း၊ စနစ်ဆိုင်ရာ ရှင်သန်စွမ်းအားနှင့် ဆန်းသစ်တီထွင်မှုစွမ်းအားကို ဖော်ထုတ်နေကြောင်း၊ စီမံခန့်ခွဲရေးစနစ်သစ်နှင့် မူဝါဒစနစ်သစ်ကိုဖြစ်တည်လာရန် စူးစမ်းရှာဖွေကြောင်း၊ ထွန်းသစ်စလုပ်ငန်းနှင့်နယ်ပယ်များတွင် နိုင်ငံခြားရင်းနှီးငွေဖြင့် ရင်းနှီးမြှုပ်နှံရန် အားပေး ကြောင်း၊ နိုင်ငံခြားရင်းနှီးသော လုပ်ငန်းကုမ္ပဏီများ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကောင်းမွန်သော စီးပွားရေး ပတ်ဝန်းကျင်နှင့် စနစ်ဆိုင်ရာ အာမခံချက်ကို ဆက်လက် မြှင့်တင်ပေးမည်ဖြစ်ကြောင်း တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီးလက်ထောက် ရင်ဟုန်ပင်က ၉ရက်နေ့က ပီကင်းမြို့၌ ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။