徐敏霞

သွေးစည်းညီညွတ်ရေးနှင့် အေးချမ်းတည်ငြိမ်ရေးသည် ရှင်းကျန်း စည်ပင်သာယာရေး၏ အခြေခံ ဖြစ်သည်

(GMT+08:00)2019-12-10 10:28:19  

圖片默認標題_fororder_2019121000011936463

圖片默認標題_fororder_2019121000013068343

China Media Group လက်အောက်ခံ တရုတ် ဂလိုဘယ် ရုပ်သံ ဝက်ဘဆိုက် CGTN မှာ   မကြာခင်က အင်္ဂလိပ်ဘာသာ မှတ်တမ်းတင်ကား နှစ်ကားကို ထုတ်လွှင့်ပြီး ရှင်းကျန်းမှာ ဖြစ်ပွါးခဲ့တဲ့ အကြမ်းဖက် မှုခင်းများကို ပြသထားပါတယ်။ ပြီးခဲ့တဲ့နှစ်များ အတွင်း တရုတ်ပြည် ရှင်းကျန်းမှာ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေးကို တစ်ပြိုင်တည်း အားဖြည့် ဆောင်ရွက်ပြီး ရှင်းကျန်း တိုင်းရင်းသား ပေါင်းစုံမှ ပြည်သူများဟာ ချမ်းမြေ့ အေးချမ်းစွာ နေထိုင်ခဲ့ကြကာ ရှင်းကျန်းဟာ သမိုင်းမှာ အကောင်းဆုံးသော စည်ပင်သာယာရေး ခေတ်ကာလမှာ တည်ရှိလာပါတယ်။ ဒါပေမယ့် မုသားစကားနဲ့ ပုတ်ခတ် စွပ်စွဲ ပြောဆိုချက်တွေ ဖုံးလွှမ်းနိုင်တာ မဟုတ်တဲ့ အထက်ပါ အဖြစ်မှန်များ ရှေ့မှာ အနောက် နိုင်ငံမှ မီဒီယာတို့ဟာ မမြင်ယောင်ဟန်ဆောင်ပြီး အမေရိကန် အောက်လွှတ်တော်က ၂၀၁၉ ခုနှစ် ဝေဂါ လူ့အခွင့်အရေး မူဝါဒ ဥပဒေကြမ်းကို အတည်ပြုခဲ့တယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ဟာ ရှင်းကျန်း ပြဿနာကို အကြောင်းပြပြီး တရုတ်နိုင်ငံရဲ့ တိုင်းရင်းသား လူမျိုးစု ဆက်ဆံမှုကို ကုန်းချောဖို့၊ ရှင်းကျန်း စည်ပင်သာယာမှုကို ဖျက်ဆီးဖို့နဲ့ တရုတ်ပြည် ရှင်သန်မှုကို ဟန့်တားဖို့ပဲ ဖြစ်ပါတယ်။

    ဘယ်အင်အားစု မဆို ရှင်းကျန်း တိုင်းရင်းသားပေါင်းစုံတို့ သာယာလှပသော ရပ်ရွာ တည်ထောင်ဖို့ ချီတက်ရေး ဖြစ်စဉ်ကို ဟန့်တားနိုင်မှာ မဟုတ်ဘူး၊ အမေရိကန် နိုင်ငံရေး သမားများရဲ့ လူသိမခံဝံ့တဲ့ ရည်ရွယ်ချက် အောင်နိုင်မှာ မဟုတ်ဘူးလို့ China Media Group မှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသား ဖေါ်ပြ ထားပါတယ်။ (ကျော့)